33 C
Yangon

ဝက်လက် သစ်ဆိမ့်ကြီးကျေးရွာသား ၆ဦးကို လက်ပြန်ကြိုးတုပ်ကာ စစ်တပ်က အရှင်အလတ်လတ် မီးရှို့သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များ ရေောကာင်းဖြင့် လာရောက်ပြီး ကျေးရွာ၌ တပ်စွဲကာ ထွက်ပြေးတိမ်းရှောင်နေသည့် အရပ်သား ပြည်သူ ၆ဦးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ အရှင်အလတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၄၀ခန့် ပါဝင်သော စစ်ကြောင်းသည် ရေကြောင်းဖြင့်လာရောက်၍ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခက်ကာ ကျေးရွာအတွင်း တပ်စွဲခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၆ ဦးကို လက်ပြန် ကြိုးတုပ်ပြီး လူသားဒိုင်းအနေဖြင့် ဖမ်းဆီးထားကာ ဖေဖော်ဝါရီလ ၃ရက်နေ့တွင် လက်ပြန်ကြိုးတုပ်ကာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article