ရန်ကုန်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းမြို့နယ် မန္တလေး- မုံရွာ လမ်းမကြီးဘေးရှိ ညောင်ပင်ဝန်းကျေးရွာသား ကိုကျော်မင်းထွန်း၊ ကိုကျော်သူအောင်နှင့် ကိုကျော်မင်းနိုင် မဓုရရွာသား ကိုဇော်မျိုးအောင်တို့ကို အကြမ်းဖက် စစ်တပ်က ဖေဖော်ဝါရီလ ၃ရက်နေ့ မွန်းလွဲ ၁၂နာရီ ၃ဝမိနစ်တွင် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မြင်းမူမြို့နယ် နဘဲကြူးကျေးရွာ၊ မကျီးကန်ကျေးရွာ နှင့် မဓုရကျေးရွာသို့ဝင်ရောက်ကာ လမ်းပြအဖြစ်ဖမ်းဆီးလာသည့် ညောင်ပင်ဝန်းကျေးရွာမှ ဦးရဲဝင့်အောင်၏ သားများဖြစ်တဲ့ ကိုကျော်မင်းထွန်း (၂၆)နှစ်၊ ကိုကျော်သူအောင် (၂၄)နှစ်၊ ကိုကျော်မင်းနိုင် ( ၁၇)နှစ် တို့ ညီအကို ၃ဦးနှင့် မဓုရရွာမှ ဦးမြင့်ကျော်၏သား ကိုဇော်မျိုးအောင် (၂၀)နှစ်ကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။