25 C
Yangon

ရန်ကုန်တွင် Media Top 4 သတင်းဌာန တည်ထောင်သူ ကိုသူရိန်ကျော် အဖမ်းခံရ ၊ ရှမ်းပြည်နယ် နမ့်ခမ်းတွင် စာရေးဆရာခိုင်ထူးသစ် အဖမ်းခံရပြီး စစ်ကြောခံနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကမ်းနားလမ်း၊ အောင်ဇေယျာအိမ်ရာတွင် နေထိုင်သူ Media Top 4 သတင်းဌာနတည်ထောင်သူ ကိုသူရိန်ကျော်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က စစ်တပ်က နေအိမ်တွင် လာရောက် ဖမ်း ဆီး သွားကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက အတည်ပြုပြောသည်။

“သူနဲ့အတူ အိမ်ငှားတစ်ဦးကို ဖမ်းသွားတယ်ပြောတယ်။ သတင်း ထောက် လား ဘာလားတော့ မသိသေးဘူး။ ကိုသူရိန်ကျော်က သူ့သတင်းဌာန သူ လုပ်နေတာပါ။ အရင်ကတည်းက သတင်းထောက် တစ်ဦးလည်း ဖြစ်ပါတယ်” ဟု မိတ်ဆွေဖြစ်သူက ပြောသည်။

အာဏာသိမ်းမှု စတင်ဖြစ်ပွားပြီးနောက်ဖေဖော်ဝါရီလ ၂ ရက်နေ့ စစ်တပ် ထောက်ခံပွဲ သတင်းရယူစဉ် စစ်တပ်ထောက်ခံသူများက ကိုသူရိန်ကျော်ကို ဝိုင်း ဝန်းရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာ ရရှိခဲ့သည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင်လည်း မြှားနတ်မောင်၊ မဟေသီ စသည့် မဂ္ဂဇင်းခေတ်များတွင် ဝတ္ထုတိုများရေးသားခဲ့သော စာရေးဆရာ ခိုင်ထူး သစ်သည် ကို CDM ဝန်ထမ်းနှစ်ဦးနှင့် အတူရှိနေစဉ် စစ်တပ်က ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် လာရောက်ဖမ်းဆီးသွားကြောင်း၊ လက်ရှိတွင် စစ် ကြောရေးသို့ ပို့ဆောင်ထားကြောင်း၊ အဆက်အသွယ်မရသဖြင့် စုံစမ်းရာမှ စစ်ကောင်စီက ဖမ်းဆီးထားပြီး နမ့်ခမ်းစစ်စခန်း ၁ စစ်ကြောရေးတွင် ရောက်ရှိနေကြောင်း၊ အသက်အန္တရာယ် အထူးစိုးရိမ်နေမိကြောင်း မိတ် ဆွေ များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article