25 C
Yangon

ချင်းပြည်နယ် မင်းတပ်မှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားဆီက MA 3 သေနတ် စွန့်စွန့်စားစား လုယူနိုင်ခဲ့၊ စစ်ကားတွင် ကလေးငယ်ပါ၍ ပစ်ခတ်မှုမလုပ်တော့ဘဲ ပြန်လည်ဆုတ်ခွာခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ချင်းပြည်နယ်၊ မင်းတပ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ တိုက်ပွဲဖြစ်ပြီး စစ် ကောင် စီ တပ်သား ၃ ဦး သေဆုံးခဲ့ကာ သေဆုံးစစ်သားဆီက MA 3 သေနတ် ကို စွန့်စွန့်စားစား ဝင်လုယူနိုင်ခဲ့ကြောင်း CDF-မင်းတပ်၏ ပြောရေးဆိုခွင့် ရှိသူ ကိုယောမန်က လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ရေးသားသည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီခွဲက မိုင် ၃၀ တိုက်ပွဲမှာ စကစ ၃ ဦးခန့် ကျဆုံးပြီး သေဆုံးသူ စကစဆီကနေ CDF-MINDAT က MA 3 တစ်လက် ကောက်ယူနိုင်ခဲ့ပါတယ်။ လမ်းအကွေ့မှာ စကစ‌ရှေ့ကင်းသမားကို လွှတ် ပေး‌ပြီး နောက်ကတက်လာမယ့် စကစတွေကို ကာပစ်ပေးနေချိန်မှာ လမ်းဘေးမြောင်းထဲက ချုံခိုစောင့်နေတဲ့ CDF ပြောက်ကျား ၂ ယောက်က စကစရှေ့ကင်းသမားကို အသေပစ်၊ သေနတ်ကိုအလောင်း ဆီကလုပြီး လမ်းအောက်ပြေးဆင်းတာပါ။ တိုက်ပွဲက ၅ မိနစ်ပဲ ကြာတယ်။ စကစ ၃ယောက်သေ၊ MA 3 တစ်လက်ရလာတယ်။ စကစတွေက လမ်းဘေးမှာ ‌အလောင်းတစ်လောင်းမြုပ်ခဲ့ပြီး သွေးကွက်တွေကို ထုံးစံအတိုင်း မြေတွေသဲတွေနဲ့ ပြန်ဖုံးခဲ့ပါတယ်” ဟု ကိုယောမန်က ပြောဆိုသည်။

ထိုနေ့တွင်ပင် စစ်ကားပေါ် ကလေးငယ်များ ပါဝင်သည့်အတွက် CDF မင်းတပ်ဘက်က တိုက်ခိုက်မှု မလုပ်တော့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း ရေးသားထားသည်။

” ရဲဘော်တစ်ယောက်က စကစကားတစ်စီးကို အပေါ်က‌နေရာယူ ဆီးပစ်မယ် လုပ်တော့ ကားထဲမှာ ကလေးငယ်တွေချည်း ငုတ်တုတ်ထိုင်နေတာ။ ဘာမှ ပြန်မလုပ်နိင်ကြဘူး။ ဒါနဲ့ပဲ သေနတ်ကိုဆွဲ‌မွှေ့လိုက်တော့…. ‘ချောက်’ ဆိုပြီး …. ကျည် ညှပ်သွားတယ်။ မောင်းတုံးဆွဲ၊ ပြန်ပြင်ပြီး ပစ်မယ်လုပ်တော့… ဘာမှ မသိတဲ့ကလေးတွေသေဖို့ ဘုရားမကြိုက်ဘူး ထင်တယ် ဆိုပြီးစဉ်းစားမိလို့… မပစ်တော့ဘဲ ပြန်ဆုတ်လာခဲ့တယ်” ဟု ကိုယောမန်က ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article