27 C
Yangon

KIO/KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရန် အသင့်ရှိနေဟု AA၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

KIO/KIA နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း AA၊ TNLAနှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ က ၆၁ နှစ်မြောက် ကချင်တော်လှန်ရေး နေ့ အခမ်းအနား သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် ကြေညာထားသည်။

မြန်မာနိုင်ငံအတွင်းရှိ အဖိနှိပ်ခံနေရသော လူမျိုးများသည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရရှိရေး၊ အမျိုးသားရေးဆိုင်ရာ နစ်နာချင်္ကများ ၊ မိမိတို့ လူမျိုးများ၏ အသက်အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် လက်နက်ကိုင် တော်လှန်လျက်ရှိကြောင်း၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အနေဖြင့် ကချင်တော်လှန်ရေးနေ့ ရက်မြတ်ကို ကချင်လူမျိုးများနည်းတူ ထပ်တူထပ်မျှ တန်ဖိုးထားကြောင်း ထုတ်ပြန်ထားသည်။

KIO/KIA သည် TNLA ပလောင်နှင့် ရခိုင်တပ်တော် AA တို့ကို မွေးထုတ်ပေးခဲ့သည့်အပြင် နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက် အဖွဲ့အစည်းများအဖြစ် ရပ်တည်ပေး၍ ကြီးမားသော ဂုဏ်ဒြပ်များ ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထုနှင့် KIO/KIA ကို ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင်ရေးသားထားသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အကြားတွင် ယခင်ကာလ နိုင်ငံရေး နှင့်စစ်ရေး ကဏ္ဍ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး လက်ရှိ အခြေအနေများအရ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများရှိပါက မဟာမိတ် ၃ ဖွဲ့အနေဖြင့် အသင့်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article