25 C
Yangon

အုပ်ချုပ်ရေးမှူးအသတ်ခံရပြီး တွင်းမကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း၊ နေအိမ် ၁ လုံးကို မီးရှို့ကာ ကား ၂ စီး ဆိုင်ကယ် ၃ စီးအပါအဝင် ရွှေငွေများကို ခိုးယူ၊ လေဖြတ်နေသူ ၁ ဦးကို ဓါးစာခံလုပ်ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ဖေဖေါ်ဝါရီလ ၃ ရက် နံနက် ၁၁ နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းလာပြီး ရွာသားများကို လိုက်လံပစ်ခတ်ကာ ချမ်းစိမ့်မြိုင်တောရဘုန်းကြီးကျောင်းရှိ ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး အပါအဝင် ရွှေငွေအပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူသွားကြောင်း သတင်းရရှိသည်။”ဦးဇင်းရဲ့တောရကျောင်းကို စစ်တပ်က ဝင်ပြီးအကြမ်းဖက်စီးနင်းပါတယ်။ ဦးဇင်းကတော့ လွတ်မြောက်နယ်မြေမှာ ရောက်နေလို့ မမိပါဘူး။ ကျောင်းက ကျောင်းသား ကပ္ပိယလေးတွေလည်း လွတ်တယ်လို့ကြားရပါတယ်။ နောက်ကနေ ရန်သူကိုပစ်သလို လိုက်ပစ်တာလို့ ပြောတယ်။ ကျောင်းမှာရှိတဲ့ ရန်ကုန်က ဒကာမကြီးတွေလှူထားတဲ့ NISSAN ကားရယ်၊ တရားထိုင်ယောဂီတွေ ကြိုပို့ယာဉ် ဟိုက်ဂျက်လေးရယ်၊ ကျောင်းသားတွေရဲ့ဆိုင်ကယ်ရယ်၊ ပန်းရံလုပ်နေတဲ့ ပန်းရံဆရာလေးဆိုင်ကယ်ရယ် ပါသွားတယ်” ဟု ချမ်းစိမ့်မြိုင်တောရ ဆရာတော် အရှင်ဥတ္တမ ထံမှ သိရှိရသည်။ဖေဖေါ်ဝါရီလ ၃ ရက် နံနက် အစောပိုင်းတွင် တွင်းမကျေးရွာ အလယ်အုပ်စုရှိ စစ်ကောင်စီသတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ အုပ်ချုပ်ရေးမှူး လွင်အေး အသတ်ခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်က ဝင်ရောက်လာကာ ရွာသားများကို လိုက်လံပစ်ခတ်ပြီး ရွှေငွေနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူသွားခဲ့ခြင်းဖြစ်သည်။”အဲဒီမနက် ၇ နာရီလောက်က အလယ်စုက အုပ်ချုပ်ရေးမှူး လွင်အေး အသတ်ခံရတယ်၊ သူက သတင်းပေး ဒလန်လုပ်နေတာ။ ၁၁ နာရီလောက်မှ စစ်တပ်က ရွာထဲဝင်လာပြီး တောရကျောင်းကို ဝင်စီးတယ်၊ အိမ် ၁ လုံး မီးရှို့ခံရတယ်၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၃ စီး မီးရှို့ခံရတယ်၊ ရွှေ ၂ ကျပ်သား၊ ငွေ ၈ သိန်း ယူသွားတယ်။ မြေပဲ တင်း ၂၀၀ လည်းပါသွားတယ်၊ ဘုန်းကြီးကျောင်းက ဆန် ၁၂ အိတ် ယူသွားကြတယ်၊ ကျမလည်း ထွက်ပြေးနေရတာ” ဟု တိမ်းရှောင်နေရသည့် တွင်းမရွာခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီတပ်များသည် တောရကျောင်းကို ဝင်ရောက်စီးနင်းစဉ် ကပ္ပိယနှင့် ဘုန်းကြီးကျောင်းသားများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း လေဖြတ်ရောဂါ ခံစားနေရ၍ ဘုန်းကြီးကျောင်းတွင် ဆေးကုနေသူ ဆရာတော်၏ ညီဖြစ်သူကို ဓါးစားခံလုပ်ကာ ဖမ်းဆီးသွားကြောင်း သိရှိရသည်။တွင်းမကျေးရွာတွင် လူဦးရေ ၄၀၀၀ ဝန်းကျင် နေထိုင်ပြီး ဆရာတော်အပါအဝင် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးတင်ရှို့ဖျက်ဆီးသွားသော နေအိမ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article