26 C
Yangon

ကလေးမြို့၊ ပြင်သာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်တပ်ကို PDF ပူးပေါင်း တပ်ဖွဲ့ဝင်တိုက်ခိုက်၊ အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦးသေဆုံး၊ PDF ၇ ဦးကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နယ်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၇ နာရီခွဲအ ချိန် ပြင်သာစာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦးသေဆုံးပြီး PDF ဘက်မှ ၇ ဦးကျဆုံးကြောင်း ကလေးမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၇ နာရီခွဲအချိန် ပြင်သာစာသင်းကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၆ နှင့် ၇ က ဝင်တိုက်ခိုက်ကြောင်း၊ ပြင်သာစာသင်ကျောင်း အခန်းထဲတွင် ထိုင်နေသည့် ပျူစောထီးအဖွဲ့နှင့် စစ်သား ၄ ဦးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အားလုံး သေဆုံးကြောင်း သိရှိရသည်။

နှစ်ဖက် အနီးကပ်တိုက်ပွဲပြင်းထန်ခဲ့ပြီး ကနဦး အကာအကွယ်မယူမီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြင်သာသား တပ်ရင်း ၆ တပ်စုမှူးတစ်ယောက်ကျဆုံးသွားကြောင်း၊ အနီးကပ်တိုက်ပွဲဖြစ်သဖြင့် ကိုယ့်လူသူ့လူရောသွားကြောင်း၊ တပ်ရင်း ၆ မှတပ်သား ၃ယောက်နှင့် တပ်ရင်း ၇ မှ တပ်သား ၃ ယောက် စုစု ပေါင်း ၇ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

စစ်တပ်တပ်စွဲထားသော ပြင်သာစာသင်ကျောင်းကို တပ်ဖွဲ့ဝင်အင်အား ၅၀ ဖြင့် အနီးကပ်ဝင်လုံးပြီးတိုက်ခိုက်ကြခြင်းဖြစ်ပြီး အနီးကပ် အပြန်အလှန် ပစ် ခတ် တိုက်ပွဲဖြစ်ပွားကြောင်း ၊ ပြင်သာစာသင်ကျောင်းဝန်းထဲတွင် PDF တပ်ခွဲမှူးက စစ်တပ်ဗိုလ်ကြီးကိုသေနတ်ဖြင့် တေ့ပစ်သတ်နိုင်ခဲ့ကြောင်း၊ သေဆုံးသွားသော ဗိုလ်ကြီးမှာ ကလေးမြို့ခံဖြစ်ပြီး ကလေးမြို့ညောင်ပင်သာရပ်ကွက်၊ဘုရား ၃ ဆူမှ ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် အဆိုပါ ဗိုလ်ကြီး အပါအဝင် ၁၂ယောက်သေဆုံးကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ကလေးမြို့သို့ တင်ဆောင်သွားပြီး ကျဆုံး PDF ၇ ဦး၏ အလောင်းကို ပြင်သာစာသင်ကျောင်းတွင်ပင် ထားရှိကာ ရွာသူရွာသားများကို မဖြစ်မနေ မလာမနေရ ခေါ်ယူ ကြည့်ရှုခိင်းကြောင်း သိရှိရသည်။

အလားတူ ကလေးမြို့ တောင်အူကျေးရွာဘက်တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၈ ယောက် ဒဏ်ရာရရှိကြောင်း၊ ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ဝန်းကျင် စစ်ကောင်စီတပ်အင်အား ၈၀ ခန့် စည်သာဘောလုံးကွင်းတွင် ရောက်ရှိ တပ်စွဲထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article