26 C
Yangon

အရပ်ဝတ်ဖြင့် ခရီးသွားလာသည့် ရဲတပ်သား မျိုးသီဟထွန်းကို ပုလဲဂျိုကာ PDF ဖမ်းဆီးထိန်းသိမ်း

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၅

ပခုက္ကူမြို့မှ ပုလဲနယ်ဘက်သို့ အရပ်ဝတ်ဖြင့် ခရီးသွားလာသည့် ရဲတပ်သား မျိုးသီဟထွန်း ကိုယ်ပိုင်အမှတ် လ ၂၈၄၆၀၉ ကို ပုလဲမြို့နယ်တွင် ပုလဲဂျိုကာ PDF က ယနေ့ ဖမ်းဆီးမိပြီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

အဆိုပါ ရဲတပ်သားသည် နေပြည်တော်သို့ ပြောင်းရွှေ့ရန် တာဝန်ကျထားပြီး လက်ရှိတွင် ဇာတိမြေ ပခုက္ကူမြို့မှတဆင့် ပုလဲနယ်ထဲရှိ ဇနီးဖြစ်သူကို လာရောက်ကြိုစဉ် Pale Joker PDF က ဖမ်းဆီးမိပြီး ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

ရဲတပ်သား မျိုးသီဟထွန်းကို လက်ရှိတွင် ပုလဲဂျိုကာ အဖွဲ့က ထိန်းသိမ်းထားပြီး NUG လမ်းစဉ်အတိုင်း လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနှံ့ရှိ ပြည်သူ့ကာကွယ်ရေး၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများကို CDM ပြုလုပ်ပြီး ပြည်သူဘက်မှ အမြန်ဆုံးရပ်တည်ရန် သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article