25 C
Yangon

ရွှေဘိုတွင် စစ်ကောင်စီခန့် ၄ ရွာစား အုပ်ချုပ်ရေးမှူး အောင်နိုင်ဝင်းနှင့် သား ဖြစ်သူတို့ သတ်ဖြတ်ခံရ၊ နတ်တလင်းတွင် သတင်းပေးဟု နာမည်ထွက်သူ အသတ်ခံရ ၊ မအူပင်တွင် ဒုတပ်ကြပ်စောကြည်လွင် ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း ရွှေဘိုမြိုနယ် ဆိပ်ခွန်၊ ဆိပ်သာ၊ နံ့သာ၊ ဘိုတည်းကုန် စသည့် ကျေးရွာ အုပ်စု ၄ခုကို အုပ်ချုပ်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်နိုင်ဝင်းနှင့် သားဖြစ်သူတို့ကို ယနေ့ ဖေဖော်ဝါရီလ ၅ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ဘိုတည်းကုန်ရွာရှိ ၎င်းနေထိုင်သော နေအိမ်၌ အမည်မသိ လူတစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ၄ရွာအုပ်စု စကစ အုပ်ကြီး အောင်နိုင်ဝင်းနဲ့ သူ့သား အသတ်ခံရတယ်။ ဒီနေ့ နေ့လည် ၂နာရီလောက်တည်းက သူနေတဲ့ အိမ်မှာ အသတ်ခံရတာ ဘိုတည်းကုန်ရွာက ပြည်သူတွေလည်း ပြေးနေကျပြီ သားအဖ ၂ယောက်လုံးသေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့နယ်မှ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ ချစ်စံဝင်းကို နတ်စစ်သည်PDFက ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်၍ သေဆုံးသွားကြောင်း နတ်စည်သည် PDF က ထုတ်ပြန်ချက်အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် ချစ်စံဝင်း သည်သတင်းပေး ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ ဧရာဝတီတိုင်း၊ မအူပင်မြို့ မအူပင်-မယ်ဇလီ လမ်းပေါ်၌ ဒုတပ်ကြပ် စောကြည်လွင် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် သေနတ်ဖြင့် အပစ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့ မအူပင် PDF ၏ အဖွဲ့ခွဲ သေမင်းလက်ရာအဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article