25 C
Yangon

ဒုဗိုလ်မှူးကြီးသီဟဝင်းကို လာဘ်ငွေပေး၍ ချင်းတွင်းမြစ်တွင် တရားမဝင်ရွှေတူးဖော်ရေး လုပ်ကိုင်သူ ၃၅၀ ကျော်ရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊မော်လိုက်မြို့နယ်အတွင်းရှိ ကိုးတန်၊ ဖုန်းသုန်း၊ နန်းတစ် ပင်၊ပန်းသာ၊ခါတွန်ချောင်းရိုးတစ်လျှောက်တွင် စစ်တပ်မှ ဒုတိဗိုလ် မှူးကြီး သီဟဝင်းကို လာဘ်ငွေပေး၍ တရားမဝင်ရွှေတူးဖော်နေသည့် လုပ်ငန်းလုပ်ကိုင်သူ ၃၅၀ ကျော်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

တရားမဝင် ရွှေမျောတူးဖော်ထုတ်လုပ်ခွင့်ရရှိရန် မော်လိုက်ခရိုင် စကစ တာဝန် ခံ G1 ဒုဗိုလ်မှူးကြီးသီဟဝင်း ကို ရွှေမျောတစ်ခုအတွက် ငွေကျပ်သိန်းဆယ်ချီ အထိပေးဆောင်လုပ်ကိုင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၏ အဓိက ရေလမ်းကြောင်းဖြစ်သည့် ချင်းတွင်းမြစ်ရိုးတစ် လျှောက် မော်လိုက်မြို့နှင့် ဖောင်ပြင်မြို့နယ်အတွင်းရှိ ကင်းတပ်၊ ရှားပင်၊ တိန်းသာ၊ အိုးဘို၊ ဖဲကဇက်၊ ရိုးလာ၊ သငါ၊ ဖရုံချောင်း၊ ကွမ်းတောင်း စသည့် ကျေးရွာများတွင် ၈လုံးထိုး၊၁၀လုံးထိုးအင်ဂျင်စက်ကြီးများဖြင့် တရားမဝင် ရွှေမျောလုပ် ငန်း ပေါင်းရာပေါင်းများစွာ နေ့ရော၊ညပါ တူးဖော်လုပ်ကိုင်နေကြကြောင်း ဒေသခံများက ဆိုကြသည်။

ရွှေမျောလုပ်ငန်းရှင်များ ပြောဆိုချက်အရ ဒုတိယဗိုလ်မှူးကြီး သီဟဝင်း ကို ရွှေတူးဖော်ခွင့် လုပ်ကွက်ကြီးတစ်ခုအတွက် သိန်းရာနှင့်ချီပြီး လာဘ်ငွေ ပေးဆောင် ကြရပြီး ဒုဗိုလ်မှူကြီးသီဟဝင်းက တရားမဝင် ရွှေတူးဖော်ရေး လုပ် ကွက်အများအပြား လုပ်ခွင့်ချထားပေးကြောင်း သိရှိရသည်။

“ရွှေမျောတစ်မျောအတွက် တစ်လ ကို ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းထိ ပေးဆောင်ရတယ်။ ခရိုင်ထွေ/အုပ်၊ မြို့နယ်ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ စရဖ၊ SB၊ မြို့နယ်လယ်စီအင်း၊ကင်းတပ်ပျူစောထီးခေါင်းဆောင်တွေကိုလည်း သီးသန့် ပေးဆောင် ကြရတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒေသအာဏာပိုင်များက မော်လိုက်ကလေး၊ကင်းတပ်၊ ရှားပင်၊တိန်းသာ၊ အိုးဘို၊ ဖဲကဇက်ရွာများကို ကမ်းပါးရေတိုက်စားမှုဒဏ်ကာကွယ်ရေးဟုဆိုကာ အကြောင်းပြ ငွေကြေးကောက်ခံမှုများစွာရှိနေကြောင်း သိရှိရသည်။

မြစ်၊ ချောင်းများတွင် တရားမဝင် စည်းကမ်းမဲ့ ရွှေမျောတူးဖော် လုပ်ကိုင်နေမှုများ များပြားလာသည့်တွက် ရေလမ်းကြောင်း ပြောင်းလဲခြင်း အပါအဝင် သဘာ ၀ ပတ်ဝန်းကျင် ထိခိုက်မှု ဆိုးကျိုးများစွာကို ချင်းတွင်းမြစ် တစ်လျှောက်က ဒေသခံတွေ ခံ စားနေကြကြောင်း သိရှိရသည်။

“မြစ်ကမ်းပါးဝဲယာ တစ်လျှောက်မှာ ရွှေမျော တူးဖော်တဲ့အတွက် ဒေသခံတောင် သူ လယ်သမားတွေရဲ့ လယ်မြေ ၊ယာမြေတွေဟာ ကမ်းပါးပြိုနဲ့ သဲ၊ ကျောက် ဖုံးလွှမ်းတာတွေဖြစ်ပြီး တောင်သူတွေရဲ့စိုက် ပျိုးမြေတွေ ပျက်စီးဆုံးရှူံးမှုတွေရှိနေတယ်။ မြို့နယ် လယ်၊စီ ကိုတင်ပြ အကူအညီတောင်းခံခဲ့ပေမယ့် ထိထိရောက်ရောက် ဖြေရှင်းပေးတာမရှိဘူး။ အဲ့ဒီ တရားမ၀င်ရွှေမျော လုပ်ငန်းတွေကရရှိ တဲ့ငွေကြေးတွေဟာလည်း ကိုယ်ကျိုးရှာ အခွင့်ရေးသမားတွေသာ ခံစားနေတာ။ ဒေသခံတွေရဲ့ လူမှုဘ၀ ထိခိုက်ပျက်စီးနေတဲ့ အတွက် သက်ဆိုင် ရာ တာဝန်ရှိသူတွေ အနေနဲ့ အမြန်ဆုံးတားမြစ်ဟန့်တား ပိတ်ပင်ပေးစေချင်ပါတယ်”ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article