25 C
Yangon

ကြို့ပင်ကောက်တွင် NUG Profile တင်ထားသူ ဖုန်းပိုင်ရှင် လူငယ်ကို စစ်တပ်က နောက်ကျောမှ ပစ်သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်၊ စိုင်းဂေါင်းကျေးရွာမှ မောင်ဖြိုးကျော်ဟန်၏ ဖုန်းအတွင်း NUG Profile တင်ထားမှုကို စစ်တပ်က စစ်ဆေးတွေ့ရှိပြီးနောက် နောက်ကျောမှ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် စိုင်ဂေါင်းရွာနေ မောင်ဖြိုးကျော်ဟန်နှင့် မောင်ရှိုင်းဝဏ္ဏထက်တို့ နှစ်ဦးသည် ဖေဖော်ဝါရီလ ၅ ရက်‌နေ့ ညနေပိုင်းတွင် ၎င်းတို့ရွာ၏ အရှေ့ဘက်တွင် တည်ရှိသည့် ညောင်မြိုင်ကျေးရွာသို့ မင်္ဂလာဆောင်ဖိတ်စာ ကူညီသွားဝေပေးရန်သွားရောက်ကြောင်း၊ ထိုစဉ် လမ်းတွင် စစ်တပ်၏ တားဆီးစစ်ဆေးမှု ကြုံရပြီး မောင်ဖြိုးကျော်ဟန်၏ ဖုန်းအတွင်း NUG Profile ချိန်းထားသည်ကို တွေ့ရှိရသဖြင့် စစ်တပ်က ပစ်သတ်လိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။ “သူငယ်ချင်းမင်္ဂလာဆောင်အတွက် ဖိတ်စာကူဝေဖို့ သွားရင်း ညနေ ၄ နာရီခွဲလောက် စစ်တပ်နဲ့ တွေ့တော့ သူတို့ကို စစ်မယ်ဆိုပြီး တားတဲ့အချိန် တစ်ယောက်က ရွာထဲကို ထွက်ပြေးတယ်။ တစ်ယောက်က အစစ်ခံတယ်။ အစစ်ခံလိုက်တဲ့ ကလေးရဲ့ ဖုန်းကို ကြည့်တော့ Facebook Profile မှာ NUG Profile ချိန်းထားတာ သူက ။ စစ်တပ်က အဲဒီဖုန်းကို ယူထားလိုက်ပြီးတော့ ရတယ် မင်းသွားတော့ ဆိုပြီး သွားခိုင်းပြီး နောက်က ပစ်သတ်လိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိထားသော ဒေသခံတစ်ဦးက ပြောသည်။ အစစ်မခံဘဲ ထွက်ပြေးသည့် မောင်ရှိုးဝဏ္ဏထက်မှာလည်း ညောင်ပင်အိုင်ရွာတွင် ဝင်ရောက် ပုန်းခိုနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီး၍ စစ်တပ်လက်ထဲ ထည့်လိုက်သဖြင့် ရိုက်နှက်ညှဉ်းပန်း စစ်ကြောခံနေရကြောင်း သိရှိရသည်။ “အဖမ်းခံရတဲ့ ကောင်လေးက သူ့အမျိုးသမီးက အခု မွေးခါနီး ဖွားခါနီးကျန်ခဲ့တယ်။ ဆုံးသွားတဲ့ ကလေးကတော့ အသက် ၂၁ နှစ် လူပျိုပါ” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။ လက်ရှိအချိန်တွင် မောင်ရှိုင်းဝဏ္ဏထက်ကို စစ်တပ်က စစ်ကြောနေ၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း၊ မတရားပစ်သတ်ခံရသည့် မောင်ဖြိုးကျော်ဟန်၏ ရုပ်အလောင်းကိုမူ ယနေ့ ညနေပိုင်းတွင် မိသားစုဝင်များကို ပြန်ပေးမည်ဟု တပ်ဘက်က ပြောဆိုလာကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သော NUG Profile တင်ထားသူ ဖုန်းပိုင်ရှင် မောင်ဖြိုးကျော်ဟန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article