ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တစ်နေရာတွင် ယနေ့ နေ့လယ်ပိုင်းအချိန် ကျိုက်ထိုကျောင်းသားများသမဂ္ဂ KSUက ဦးဆောင်၍ ပြည်သူလူထုနှင့် ပူးပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေး ပိုစတာ ချိတ်ဆွဲသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်း ၁ နှစ်ပြည့်နေ့ ကျောက်ပန်းတောင်းမြို့၌ မိမိကိုယ်ကို မီးရှို့၍ စစ်အာဏာရှင်ကို ဆန္ဒပြရင်း ကျဆုံးသွားသည့် ကိုအောင်မြင့်မြတ်(ခ) ကိုအောင်အောင် ရေးသားခဲ့သော “၂၄နာရီလုံး အများပြည်သူ+သား မီးလင်းပါစေ ၂၀၀၁+၂၀၀၂ ပြန်မသွား” စာသားကို ချိတ်ဆွဲကာ စစ်အာဏာရှင် တော်လှန် ရေးလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခြင်းဖြစ်သည်။
Photo- KRIN