31 C
Yangon

ရွှေဘို၊ ဒီပဲယင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်သား ၂ ဦးသေ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်။ ဒီပဲယင်းမြို့နယ်နှင့်ကနီမြို့နယ်တို့ရှိ စစ်ကောင်စီစခန်းများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို ဒေသကာကွယ် ရေးတပ်များက လုပ်ဆောင်နေပြီး စစ်သား ၂ ဦးသေဆုံးကြောင်း သိရှိရသည်။ဖေဖော်ဝါရီလ ၆ ရက်နေ့ ရွှေဘိုမြို့နယ်အတွင်း စစ်တပ်က ပျူစောထီးများကို သင်တန်းပေးနေသည့် နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ၂ ဦး သေဆုံးခဲ့ကြောင်း ၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းရွာကတပ်စခန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တည်သီးတောရွာစစ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း C&T SHWEBO က ထုတ်ပြန်သည်။အလားတူ D.P.Y GENERATION-Z နှင့် အရာတော် လျှပ်စီးမိုးကြိုးမုန်တိုင်းတပ်ဖွဲ့တို့က ဇန်နဝါရီ ၂၈ ရက်နေ့က ဒီပဲယင်းမြို့နယ်အတွင်းရှိ စိုင်ပြင်ရဲစခန်းအား Drone ဖြင့် တိုက်ခိုက်ကြောင်း သိရှိရသည်။ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကနီမြို့ ပေါ် ရဲစခန်းကို CGYDF နှင့် Triple Two၊ Yinmarbin Local PDF၊ MTOF၊ SRDF စသော ညီ နောင်မဟာမိတ်ပူးပေါင်း အဖွဲ့များမှ Drone ဖြင့် နှစ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article