28 C
Yangon

KNU က တိုင်းသစ်ပြည်သစ် ထူထောင်ရေး သွားမည်

Must read

“ငြိမ်းချမ်းရေးမှာ တစ်လျှောက်လုံး ထော်လော်ကန့်လန့် ကိုးလိုးကန့်လန့်လုပ်ပြီး နောက်ဆုံး အာဏာသိမ်းတာ စစ်တပ်ပဲ။ ငြိမ်းချမ်းရေးမှာ အခက်အခဲအကြီးဆုံးက စစ်တပ်ပဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်”KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတာနီးမင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် ယမန်နေ့ညပိုင်း ကြေညာချက်ထုတ်ပြန်၍ ဖိတ်ခေါ်ကမ်းလှမ်းမှု သည် သွေးရူးသွေးတန်း လုပ်နေခြင်းဖြစ်၍ ခေါင်းထဲ ထည့်စရာမလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီးက ပြောဆိုသည်။”ဒီအချိန် ဒီကာလမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာညာ လာပြောစရာ အကြောင်း ကို မရှိတာ။ ကျနော်တို့လုပ်ခဲ့တုန်းကလည်း သေသေချာချာ ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့ အခွင့်အရေးရှိလျက်သားနဲ့ လုံးဝကို ဂရုမစိုက်ဘဲ နောက်ဆုံးကျတော့ အာဏာသိမ်းတယ်၊ အကြမ်းဖက်နည်းနဲ့ လုပ်လာတဲ့အခါကျတော့ ကျနော်တို့က လုံးဝ လက်ခံလို့ မရဘူး။ သည်းမခံနိုင်ဘူး အဲဒီအနေ အထားကို။ ဒါကြောင့်မို့ ကျနော်တို့ ရှေ့ဆက်ပြီး လုပ်နိုင်တာက စစ်အာဏာသိမ်းတာနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲပြီးတော့ တိုင်းသစ်ပြည်သစ်ကို ထူထောင်ဖို့ တာစူပြီး လုပ်သွားတော့မယ်။ ဒါက အသစ်အသစ်သော တိုင်းပြည်၊ အသစ်အသစ်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားမှာဖြစ်တဲ့အတွက် နောက်လှည့်ပြီးတော့ သူတို့ပြောတာတွေ ကို ခေါင်းထဲမှာ ထည့်စရာအကြောင်းမရှိတော့ဘူး။” ဟု ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီက ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။မတရားအာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သူ နိုင်ငံတစ်ဝန်း များပြားနေပြီး ထိန်းမနိုင် သိမ်းမရ အခြေအနေဖြစ်နေကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ဖိတ်ခေါ်ချက်သည် သွေးရူးသွေးတန်း လျှောက်လုပ်ခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုလျှင် လက်ရှိ စစ်ကောင်စီနှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပဒိုစောတောနီးက ဆိုသည်။”စစ်အာဏာသိမ်းခါစနဲ့ တစ်နှစ်ပြီးတဲ့နောက်ပိုင်း စစ်ပွဲအခြေအနေက လုံးဝ မတူတော့ဘူး။ အရင်ကနဲ့ မတူတာက အခု တနိုင်ငံလုံး တနံတလျားမှာ သူ့ကို ဆန့် ကျင်အုံကြွပြီး တိုက်ခိုက်နေတဲ့အနေအထားက ဝိုင်းဝိုင်းလည်နေတဲ့အချိန်မှာ ကျနော်မြင်တာကတော့ ထိန်းမနိုင် သိမ်းမရတဲ့ အနေအထားတခုမှာ သူတို့က ကောက်ရိုးတမျှင် စာလေး ရလိုရငြား သွေးရူးသွေးတန်းနဲ့ ထ လုပ်တာလို့ ကျနော် မြင်တယ်ဗျ။ ကျနော် ပြောချင်တာက ဒီအချိန် ဒီကာလမှာ လူထုတရပ်လုံး တောင်းဆိုမှုဖြစ်တဲ့ စစ်တပ်ဟာ နိုင်ငံရေးထဲက လုံးဝကို ထွက်ခွာသွားဖို့ပါ၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ဖို့ဆိုတာ ဒီစစ်တပ်နဲ့ သွားပြီးတော့ စိတ်ကူး ယာဉ်စရာအကြောင်းကို မရှိတော့တာ။ အဖြူကို ရွေးမလား၊ အမဲကို ရွေးမလားဆိုတာ ဒီနေ့ဒီကာလဟာ ဆုံးဖြတ်ရမယ့် အချိန်ဖြစ်တယ်။ ဒီအချိန်ကာလမျိုးမှာ အညိုရောင်သန်းတဲ့ဟာကို ရွေးဖို့ဆိုတဲ့ စိတ်ကူးယဉ်တဲ့ ဟာမျိုးနဲ့ တွေးပြီး အချိန်ဖြုန်းနေစရာ အကြောင်းကို မရှိတော့ဘူး” ဟု KNU နိုင်ငံခြား ရေးတာဝန်ခံလည်း ဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို AA ၊ TNLA နှင့် MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တက်ရန်မရှိဟု TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရွှေဖီမြေသတင်းဌာနကို ပြောဆိုထားပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article