25 C
Yangon

အင်္ဂဘိုနှင့် မုပ္ပလင်ကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကျိုက်ထို ပ.က.ဖ ပူးပေါင်းအဖွဲ့မိုင်းဆွဲတိုက်ခိုက်၊ စစ်ကား ၁ စီးပျက်စီး၊ စစ်သား ၃ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာနှင့် မုပ္ပလင်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကျိုက်ထို ပ.က.ဖ ဦးဆောင်သော တော်လှန်ရေးအင်အားစုအဖွဲ့ KRF က ယနေ့ ဖေဖေါ်ဝါရီလ ၉ ရက် နံနက် ၉ နာရီတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး ၇ ဦး ဒဏ်ရာရသွားကြောင်း KRF ထံမှ သိရှိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ကျိုက်ထိုဘက်မှ စစ်တောင်းဘက်သို့ မောင်းနှင်လာစဉ် မိုင်းဆွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကား ၁ စီး ထိမှန်ပျက်စီးသွားပြီး စစ်သား ၃ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရကြောင်း၊ အခြား စစ်ကားများက တရစပ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသန်းပစ်ခတ်မှုကြောင့် အနီးဝန်းကျင်ရှိ အများပြည်သူနေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိကြောင်းနှင့် KRF အဖွဲ့ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ဓါတ်ပုံ – KRF တပ်ဖွဲ့ဝင်များ 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article