25 C
Yangon

မင်းကင်းတွင် စစ်ကောင်စီ ရေယာဉ်အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်၊ မော်တော် ၁ စီးပျက်စီးကာ စစ်သား ၄ ဦး သေဆုံး (ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၉

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာသော စစ်ကောင်စီ ရေယာဉ် ၅ အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဖေဖေါ်ဝါရီလ ၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရေမြှုပ်မိုင်းများဖောက်ခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ရှေ့ပြေးမော်တော်ယာဉ် ၁ စီး ပျက်စီးသွားပြီး စစ်သား ၄ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရကြောင်းနှင့် အဆိုပါ သေဆုံးဒဏ်ရာရစစ်သားများကို သယ်ယူရန် မင်းကင်းဆိပ်ကမ်းတွင် လူနာတင်ယာဉ်များ အသင့်စောင့်နေကြောင်း သတင်းရရှိသည်။မင်းကင်းမြို့နယ်၊ တောင်ဖြူရွာဘက်မှ ဆန်တက်လာသော စစ်ကောင်စီ၏ ၅ စီးပါ ရေယာဉ်အုပ်စုကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၃ နှင့် Chindwin Rangers တပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီရေယာဉ်အုပ်စု၏ ရှေ့ပြေးမော်တော် အမြန်ယာဉ်သည် ရေမြှုပ်မိုင်း ၄ လုံးထိကာ မော်တော် ခါးကျိုးပေါက်သွားကြောင်း၊ ငအုံးရွာဆိပ်ကမ်းတွင် ပြန်လည် ပြင်ဆင်ကာ မွန်းလွဲ ၁ နာရီခန့်တွင် မင်းကင်းဘက်သို့ ဆက်လက် ဆန်တက်သွားကြောင်း၊ မင်းကင်းမြို့ ဆိပ်ကမ်းတွင် သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို သယ်ယူရန် လူနာတင်ကားများ ကြိုတင်စောင့်ဆိုင်းနေကြောင်း MKPDF 2 က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article