25 C
Yangon

AA နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူး မြင့်ဆွေဝင်း၊ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ တပ်ကြပ်သန်းထွေး၊ တပ်ကြပ်ယာဉ်မြင့်၊ ဒုတပ်ကြပ်ဘတင်၊ တပ်သားထိန်လင်းအောင်၊ တပ်သား အောင်အောင် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံး(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောတွင် AA နှင့် အကြမ်းဖက် စစ်တပ်များ တိုက်ပွဲများ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နေ့ ညပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးသွားသူများမှာ ကြည်း ၃၉၆၃၈ ဗိုလ်မှူးမြင့်ဆွေဝင်း၊ တ-၆၆၃၀၆၂ တပ်ကြပ်ကြီး အောင်မြင့်ဆွေ၊ တ- ၁၀၄၃၇၇ တပ်ကြပ်သန်းထွေး ၊ တ- ၃၇၄၅၇၂ တပ်ကြပ်ယာဉ်မြင့်၊ ကိုယ်ပိုင်နံပါတ် တ-၃၉၂၃၉ ဒုတပ်ကြပ်ဘတင်၊ တ-၅၁၃၈၈၈ တပ်သား ထိန်လင်းအောင်၊ တ-၅၁၃၁၄၇ တပ်သားအောင်အောင်တို့ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်၏ အမိန့် ပြန်တမ်းအရ သိရှိရသည်။ဖေဖော်ဝါရီလ ၇ ရက်နေ့ ညပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် စစ်သားများ လိုက်ပါသော သစ်တင်ကားကို AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ စစ်သား ၇ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံးသွားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article