26 C
Yangon

ဒီးမော့ဆို၊ မြလဲကျေးရွာတွင်းသို့ ငွေတောင်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၊ စစ်ရှောင် ၁ ဦး ဒဏ်ရာရပြီး ဘုရားကျောင်း ၁ ခု ကျည်ထိမှန် ပျက်စီ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်မြောက်ဘက်ရှိ မြလဲကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် တပ်ရင်းများမှ ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက် အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ရှောင်ပြည်သူ ၁ ဦး ဒဏ်ရာရကာ ဘုရားကျောင်း ၁ ခု ကျည်ထိမှန် ပျက်စီးကြောင်း ဒီးမော့ဆို PDF ထံမှ သိရှိရသည်။ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက် ၃ နာရီ ၁၀ မိနစ်တွင် မြလဲကျေးရွာအုပ်စုအတွင်းသို့ လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ကွဲကြောင်း၊ အသက် ၄၅ နှစ်အရွယ် စစ်ရှောင် ၁ ဦး ဒဏ်ရာရပြီး ခရစ်ယာန်ဘုရား​ကျောင်း ၁ လုံး၊ စပါးကျီ ၁ လုံး၊ ​နေအိမ် ၁ လုံးနှင့် အိမ်သာ ၁ လုံး လက်နက်ကြီးထိမှန်ပျက်စီးကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။ဒီးမော့ဆိုမြို့နယ်တွင်းမှ ပြည်သူအချို့မှာ အဆိုပါ မြလဲကျေးရွာတွင် စစ်ရှောင်နေကြရပြီး ယခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် ဘေးလွတ်ရာသို့ ထပ်မံ ရွှေ့ပြောင်းနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article