25 C
Yangon

မန္တလေး သပိတ်ခေါင်းဆောင် ၂ ဦးနှင့် အလွတ်တန်း သတင်းထောက် ၂ ဦး အဖမ်းခံရ၊ စစ်တပ်က အလွန်အမင်းနှိပ်စက်ညှဉ်းပန်းနေ၍ အသက်အန္တရာယ်စိုးရိမ်ရနေရပြီ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးမြို့ပေါ်တွင် စစ်တပ်က မန္တလေးသပိတ်ခေါင်းဆောင် ၂ ဦးနှင့် အလွတ်တန်းသတင်းထောက် ၂ ဦးကို ဖမ်းဆီးသွားကြောင်း မန္တလေး စုပေါင်း သပိတ်အင်အားစု၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်း မဟာအောင်မြေမြို့နယ်တွင် နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ၁။ ကိုသူရအောင် (သပိတ်တက်ကြွလှုပ်ရှားသူ)၂။ ကိုဖိုးလုံး (ခ) ကိုရဲဇင်ထွန်း (သပိတ်တက်ကြွလှုပ်ရှားသူ)၃။ ကိုစိုးလင်းအောင် (အလွတ်တန်း သတင်းထောက် – CJ)၄။ ကိုလှမျိုးအောင် (အလွတ်တန်း သတင်းထောက် – CJ) တို့ ဖမ်းဆီးသွားကြောင်း သိရှိရသည်။ ကိုသူရအောင်နဲ့ ကိုဖိုးလုံးတို့ဟာ မြေပြင်သပိတ် တက်ကြွလှုပ်ရှားသူများဖြစ်ကြပြီး ကိုစိုးလင်းအောင်နှင့် ကိုလှမျိုးအောင်တို့ကတော့ အလွတ်တန်း သတင်းထောက် (Citizen Journalist – CJ) များသာ ဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ ၄ ဦးကို ဖမ်းဆီးစဉ် ပြင်းပြင်းထန်ထန် ရိုက်နှက် နှိပ်စက် ထိုးကြိတ်ကြောင်း၊ လက်ရှိတွင် အားလုံးနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဖမ်းဆီးချိန်က ကျန်းမာရေး ကောင်းမွန်ကြပြီး စစ်အုပ်စု၏ လူမဆန်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် အသက်အန္တရာယ် ထိခိုက်နစ်နာမှုများ ခံရမည်ကို အလွန်စိုးရိမ်ကြောင်း ထုတ်ပြန် ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article