36 C
Yangon

ကျိုက်ထို၊ မုပ္ပလင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ကို KRF က မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၅ ဦး ထိခိုက်သေဆုံးနိုင်၊ ဆားလင်းကြီးတွင်လည်း စစ်ကောင်စီ စက်လှေ ၂ စီး တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နှင့် ခလွန်ရွာကျေးရွာအကြား ဖိုးကြာရိုး ရထားသံလမ်းတံတားပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကျိုက်ထို ပ.က.ဖ ဦးဆောင်သော တော်လှန်ရေးအင်အားစုအဖွဲ့ KRF က ယနေ့ ဖေဖေါ်ဝါရီလ ၁၁ ရက် နံနက်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။”ကျိုက်ထို ပ.က.ဖ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့က ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်မှာ ဖိုးကြာရိုး ရထားသံလမ်းတံတားပေါ်က စစ်ကောင်စီအဖွဲ့ကို မိုင်းခွဲတာ စစ်သား ၅ ယောက် လွင့်ထွက်သွားတယ်” ဟု KRF က ဆိုသည်။အလားတူ ချင်းတွင်းမြစ်ကြေင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ စက်လှေ ၂ စီးကို SGZL. PDF ပြောက်ကျားအဖွဲ့က မိုင်းများ၊ လက်နက်ကြီးများဖြင့် ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ပစ်ခတ်တိုက်ခိုက်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဆားလင်းကြီး GZ Local PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – Kyaikhto Revolution Force KRF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article