30 C
Yangon

လွိုင်ကော်၊ ပါကျဲကျေးရွာအတွင်း စစ်ကောင်စီက အပြစ်မဲ့အရပ်သား ၂ ဦးကို မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၁

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ စံပြ ၃ မိုင်၊ ပါကျဲကျေးရွာအတွင်းရှိ အပြစ်မဲ့ အရပ်သား ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ထံမှ သိရှိရသည်။​လွိုင်ကော်-ဒီးမော့ဆို ကားလမ်းပေါ်ရှိ စံပြ ၃ မိုင်၊ ပါကျဲကျေးရွာနှင့် မော်ချီးစုစည်းကျေးရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းစစ်​ကောင်စီဘက်မှ ​နေအိမ်များကို မီးရှို့ခဲ့သလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို စစ်၀တ်စုံ ၀တ်​ပေးပြီးမီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်သည်။”မီးရှို့ခံရတဲ့ ပြည်သူ ၂ ဦးက အဲဒီရွာက စက်ရုံစောင့် ၂ ဦးလို့ ကျနော်တို့ ကနဦး သိရတယ်၊ နာမည်တွေ ဘာတွေတော့ အတည်ပြုလို့ မရသေးဘူး။ စစ်တပ်က သူတို့ လှုပ်ရှားပြီဆိုရင် လာရာလမ်းတလျှောက်နဲ့ ပြန်တဲ့ နေရာ လမ်းတလျှောက်က အိမ်တွေကို မီးရှို့ဖျက်ဆီးတာက လုပ်နေကြပဲ” ဟု KNDF တပ်ဖွဲ့ဝင် ၁ ဦးက ပြောသည်။ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် ၃မိုင်၊ ပကျဲကျေးရွာနှင့် မော်ချီးစုစည်းအနီးရှိ ကင်းပုန်းစခန်းကို KNDF တပ်ရင်း ၂၊ တပ်ရင်း ၁၂၊ တပ်ရင်း ၁၄ နှင့် ကရင်နီတပ်မတော် KA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သလို နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင်လည်း ဖားတိမာကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article