38 C
Yangon

ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်ကြီးများ ကိုဗစ်ကူးစက်ခံနေရ၍ ပြင်လူဌာနကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပိတ်ထားမည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ

ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုဆရာဝန်ကြီးများ ကိုဗစ်ကူးစက်ခံနေရ၍ ပြင်လူဌာနကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တရားဝင် သတင်းထုတ်ပြန်သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးဆေးကုဌာန မှ အထူးကုဆရာ ဝန်ကြီးများ ကိုယ်တိုင် ကိုဗစ်ရောဂါခံစားနေရပါသဖြင့် နှ လုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စ၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အရေးပေါ်လူနာများနှင့် အခြားအထူးကုပြင်ပလူနာများကို ပုံမှန် အတိုင်း ဖွင့်လှစ်ကုသပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် နေ့စဉ် ကိုဗစ်ကူးစက်ခံရသူ လူနာ ၁၀၀၀ ကျော်သို့ ပြန်လည် မြင့်တက်လျက်ရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article