35 C
Yangon

ကောလင်းတွင် စစ်တပ်က ဖလဲရွာကို ဝင်ရောက် စီးနင်းကာ PDF ရဲဘော် ၇ဦးကို သတ်ဖြတ်၊ ပုလဲ တောင်ယမားဆည် တိုက်ပွဲတွင် PDF ရဲဘော် ၄ဦးကျဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကော်လင်းမြို့ ခံသာတိုက်နယ် ဖလဲကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၈ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာထဲရှိ PDF ရဲဘော် ၇ဦးကို ဖမ်းဆီးကာ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဖလဲကျေးရွာသို့ ဝင်ရောက် စီးနင်းခဲ့စဉ်က ပြည်သူပိုင်နေအိမ် ၃လုံးနှင့် ကား ၂စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရဲဘော် ၄ ဦး၊ ပြည်သူ့ကာကွယ်ရေး (ပကဖ)အဖွဲ့က ရဲဘော် ၁ ဦး၊ ပြည်သူ့လုံခြုံရေး (ပလဖ)အဖွဲ့က ရဲဘော် ၁ ဦးနှင့် ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)အဖွဲ့က ရဲဘော် ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အလားတူ ပုလဲမြို့နယ် ကံပေါက်ကျေးရွာမှ ထွက်ခွာလာသော အင်အား (၈၀)ခန့်ပါဝင်သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁ဝရက်နေ့တွင် တောင်ယမားဆည် ဘောင်အောက်ဖက်အရောက်တွင် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့မှ ကြားဖြတ် ဝင်ရောက် တိုက်ခိုက် ခြင်းကြောင့် စစ်သား ၄ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ တောင်ယမားဆည်တိုက်ပွဲတွင် ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့မှလည်း ရဲဘော် ၄ ဦး ကျဆုံးခဲ့ပြီး တိုက်ပွဲမှာ ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ပြောက်ကျားတပ်ဖွဲ့က အနိုင်တိုက်ခိုက်နိုင်သော်လည်း လက်နက် အင်အား မမျှခြင်းကြောင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ ထို ကျဆုံးခဲ့သော ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ အာဇာနည် ရဲဘော် ၄ဦး၏ ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၁၁ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article