31 C
Yangon

တယ်လီနော မြန်မာကို အကြဖ်းဖက်စစ်ကောင်စီလက်ဝေခံ ကုမ္ပဏီကို ရောင်းချရန် အစီအစဥ်ကို အရပ်ဘက် အဖွဲ့ ၆၉၄ ခု က လက်မှတ်ထိုး ကန့်ကွက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တယ်လီနော မြန်မာကို အကြဖ်းဖက်စစ်ကောင်စီလက်ဝေခံ ကုမ္ပဏီကို ရောင်း ချရန် အစီအစဥ်ကို အရပ်ဘက် အဖွဲ့ ၆၉၄ ခု က လက်မှတ်ထိုး ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။ အမည်မဖော်ပြနိုင်သည့် အဖွဲ့ ၁၄၉ ဖွဲ့ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ၆၉၄ ခုက အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များကို တာဝန်ယူ ကာကွယ်ပေးခြင်း မရှိဘဲ အကြမ်းဖက်စစ်အုပ်စု နောက်ကွက်က ပါဝင်နေသည့် ကုမ္ပဏီအား တယ်လီနော မြန်မာကို ရောင်းချခြင်းသည် အသုံးပြုသူများအား အကြမ်းဖက်စစ်အုပ်စု၏ လူသတ်ကွင်းအတွင်း တွန်းပို့ရာ ရောက်သလို၊ အကျိုးအမြတ်သည်လည်း စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အားပေးရာ ရောက်သဖြင့် ရောင်းချမှုကို ချက်ချင်းရပ်တန့်ရန် တောင်ဆိုးသည်။ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက် လုံခြုံမှုကို အပြည့်အဝ တာဝန်ခံရန်၊ တောင်းဆိုမှုများကို ထည့်သွင်း စဥ်းစားခြင်း မရှိခဲ့ပါက အသုံးပြုသူများအပေါ် ကျရောက်လာနိုင်သည့် စစ်အုပ်စု၏ အကြမ်းဖက်မှု အားလုံးအတွက် တယ်လီနောက တာဝန်ခံရန် နော်ဝေး အခြေစိုက် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီကို အရပ်ဘက်အစည်းအဝေးများက အလေးအနက် တောင်းဆိုသည်။တယ်လီနော ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံရှိ ၁၈ သန်းကျော်သော တယ်လီနော သုံးစွဲသူများ၏ ဆက်သွယ်ရေး အချက်အလက်များ လုံခြုံရေးနှင့် လုပ်ငန်း၏ အကျိုးအမြတ်ကို အကြမ်းဖက်စစ်အုပ်စု လက်ထဲ မရောက်ရှိစေရေး အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်း တောင်းဆိုကြောင်း၊ (က) အကြမ်းဖက်စစ်အုပ်စုမှ နောက်ကွက်က ပါဝင်ပတ်သက်နေသည့် Investcom သို့ ရောင်းချခြင်းကို ချက်ချင်းရပ်တန့်ရန်၊(ခ) မြန်မာနိုင်ငံက ထွက်ခွာရန် ဆုံးဖြတ်ပါက စီးပွားရေး အကျိုးအမြတ်နှင့် အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များ အကြမ်းဖက်စစ်အုပ်စုထံသို့ မရောက်စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများကို စဥ်းစားလုပ်ကိုင်ရန် (ဥပမာ – လုပ်ငန်း လိုင်စင်ပြန်အပ်ကာ အသုံးပြုသူများ၏ အချက်အလက်အားလုံး ကို အပြီးဖျက်ပစ်ခြင်း)၊(ဂ) မည်သည့်အခြေအနေ၊ မည့်သည့်အကြောင်းကြောင့်မဆို မည်သူကိုမျှ သုံးစွဲသူများ၏ ခွင့်ပြုချက် မပါဘဲ ၎င်းတို့၏ ဆက်သွယ်ရေးဆိုင်ရာ အချက်အလက်များကို လုံးဝ (လုံးဝ) လွှဲပြောင်းရောင်းချခြင်း နှင့် မည်သူကိုမျှ လက်လွှဲပေးအပ်ချင်း မပြုရန်(ဃ) တယ်လီနော ကုမ္ပဏီသည် မိမိဝန်ထမ်းများ၏ လုံခြုံရေးအတွက် တာဝန်ရှိသလို တယ်လီနော သုံးစွဲသူ ပြည်သူများ၏ လုံခြုံရေးအတွက်လည်း အပြည့်အဝ တာဝန်ယူ၊ တာဝန်ခံရန်သည် ကျင့်ဝတ်အရ သာမက၊ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြောင်း အရပါ တာဝန်ရှိသည် ဖြစ်ရာ အသုံးပြုသူများ လုံခြုံမှုကို ၎င်းတို့၏ အရေးကြီးဆုံး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆုံးဖြတ်လုပ်ကိုင်ရန် တောင်းဆိုသည်။တယ်လီနောသည် အသုံးပြုသူများ လုံခြုံရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို လစ်လျူရှုကာ အကြမ်းဖက် စစ်အုပ်စုနှင့် ဆက်စပ်သည့် အစုအဖွဲ့အား တယ်လီနော မြန်မာကို ရောင်းချခြင်း၊ အသုံးပြုသူများ၏ ဆက်သွယ်ရေး အချက်အလက်များအား လွှဲပြောင်း ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပါက ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများက ယင်းသို့ လုပ်ဆောင်မှုများကို (လုံး ဝ) ကန့်ကွက် ရှုံချသွားမည် ဖြစ်ကြောင်း သိရှိရသည်။ထို့အတူ ပြည်တွင်း၊ ပြည်ပဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများအား ချိုးဖောက်မှုများ အပါအဝင်၊ အဆိုပါ အချက်အလက်များ အပေါ် အခြေပြု၍ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်ခဲ့သည့်၊ ကျူးလွန်လျက်ရှိသည့်၊ ကျူးလွန်လာနိုင်သည့် လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) နှင့် လူသား မျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများ (Crimes Against Humanity) အပါအဝင် မမှန်းဆနိုင်သည့် ရာဇဝတ်မှုများအတွက် တယ်လီနောက တာဝန်ခံရမည်ဟု သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article