27 C
Yangon

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီထုတ်ကုန်များ ရောင်းချခြင်းရှိ၊ မရှိ ဖယ်ခုံ ပအဖနှင့် PDF လိုက်လံစစ်ဆေး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃

ရှမ်း-ကယားအစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ ကုမ္ပဏီများ၏ ထုတ်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဖယ်ခုံ PDF တပ်ခွဲ ၁၊ ၂၊ ၃ တို့ပူးပေါင်းကာ ဖေဖေါ်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ကွင်းဆင်းကာ လိုက်လံ အသိပေးခဲ့ကြောင်း သိရှိရသည်။ဖယ်ခုံဒေသခံ ပြည်သူများကိုင်တိုင် ပူးပေါင်းပါဝင်ကြသည်ကို တွေ့ရှိရကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်သည်။ဖယ်ခုံတွင် အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေကုမ္ပဏီထုတ်ကုန်များဖြစ်သော Army Rum၊ Andaman Gold၊ Black Shield၊ Myanmar Beer၊ Mandalay Beer၊ Dagon Beer၊ Red Rubyနှင့် Premium Gold စီးကရက်များ၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်များ ရောင်းချခြင်းမပြုရန် ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဖေဖေါ်ဝါရီလ ၃ ရက်တွင် အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article