25 C
Yangon

မကွေးတိုင်း ကျအိုးကျေးရွာမှ မောင်ချမ်းအေးကို ဒီးဒုတ်ကွင်းရွာပျူစောထီးအဖွဲ့မှ လက်နောက်ပြန်ကြိုးတုပ် ပါးစပ်ထဲ သေနတ်ပြောင်းထည့်ကာ အကြောင်းမဲ့ ပစ်သတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်း ပေါက်မြို့နယ် အရှေ့တောင်ပိုင်း ကျအိုးကျေးရွာနေ မောင်ချမ်းအေးကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ က ပြောကြားသည်။ “လက်နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ပုံစံထား ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး ရက်စက်စွာ ပစ်သတ်ခဲ့တာပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပြသည်။ ဒီးဒုတ်ကွင်းရွာနှင့် ကျအိုးရွာတို့မှ တောင်ဘက် မြောက်ဘက် ရွာနီးချင်းများ ဖြစ်ပြီး သတ်ဖြတ်ခံရသူ မောင်ချမ်းအေးမှာ ဒီးဒုတ်ကွင်းရွာမှ သူငယ်ချင်းက ခေါ်၍ အလည်သွားစဉ် ဒီဒုတ်ကွင်းပျူစောထီးများက ညဘက်ကြီး ရွာသို့ ဝင်လာသည်ဟု ဆိုကာ ဖမ်းဆီး ရိုက်နှက် ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ “ဒီးဒုတ်ကွင်းရွာရဲ့ အနောက်ဘက် အောင်ချမ်းသာရွာ(ဝန်လဲရိုးရွာ)အနီး တောစပ်မှာ ဒူးထောက်ခိုင်းပြီး ပါးစပ်ထဲ ပြောင်းထည့်ပြီး ပစ်သတ်ခံရတာ။ ကလေးက ပြည်သူပါ။ ဘာအဖွဲ့နဲ့မှ ဆက်စပ်မှု မရှိပါဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောဆိုသည်။ မောင်အေးချမ်းမှာ ကျအိုးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ကြီး ဦးဆောင်ဝင်းနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများ ရှိသည့် အချက်တစ်ခုသာ အပြစ်ပြောစရာ ရှိကြောင်း မောင်အေးချမ်းနှင့် နီးစပ်သူများ အဆိုအရ သိရှိရသည်။ ပုံစာ – မတရား ပစ်သတ်ခံရသည့် မောင်အေးချမ်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article