ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ကွင်းချောင်းလေးကျေးရွာရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုပိုင် Mytel ဆက်သွယ်ရေးဖုန်းတာဝါတိုင်နှင့် ဆက်စပ် စက်ပစ္စည်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ဘိုကလေးဧရာဗေဒါ၊ ကျိုက်လတ်ဧရာဗေဒါနှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့က ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၂ နာရီခွဲတွင် ဖောက်ခွဲမီးရှို့ ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။ဖျာပုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (ဧရာဗေဒါ) အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ အာဏာရှင် စစ်ဘီလူးများကို အမြစ်ပြတ်သည်အထိ တွန်းလှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန် ဖျာပုံ PDF (ဧရာဗေဒါ) တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။