35 C
Yangon

“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” တော်လှန်ရေး ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲ အစီအစဉ် မိတ်ဆက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ရန်ပုံငွေရှာဖွေရေး ကံစမ်းမဲအစီအစဉ်ကို နော်ဝေနိုင်ငံတွင် သတင်းသုံးနေထိုင်လျှက်ရှိသော ရွှေဝါရောင် ဆရာတော် အရှင်ထာဝရမှ ဦးဆောင်ပြီး အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၊ မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်မှ မြန်မာမိသားစုများ (DMV Myanmar Families) နှင့် ဗမာ့ဒီမိုကရေစီအရေး လှုပ်ရှားထောက်ပံ့ရေးအဖွဲ့ (Support the Democracy Movement in Burma) တို့မှ စီစဉ်ဆောင်ဆောင်လျက်ရှိပါသည်။ CRPH – OFP Fundraising Program ၏ ပေါင်းစည်းမှုနဲ့အတူ အနီးကပ်ဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိပါသည်။ရရှိလာသော ရန်ပုံငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ နွေဦးတော်လှန်ရေးတွင် လိုအပ်နေသည့် နေရာများနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။ကံစမ်းမဲဆုများအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ပါသည့် တန်ဖိုးမဖြတ်နိုင်သော စာအုပ်လေးနှင့်အတူ ပန်းချီစန်းဝင်းသောင်း၊ ပန်းချီချောအိသိမ်း၊ ပန်းချီနုယဉ်၊ ပန်းချီထွန်းတည်လင်းနှင့် ပန်းချီစောကနေဒီတို့၏ အမေ ဒေါ်အောင်ဆန်းစုကြည်၏ဂုဏ်ကို ဖော်ကျူး ရေးဆွဲထားသည့် အဖိုးတန်ပန်းချီကားများအပြင် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ United States Congressional Medal (2008) ဒင်္ဂါးပြားများကိုပါ အမှတ်တရဆုများအဖြစ် ထည့်သွင်းထားပါသည်။ယခုအစီအစဉ်တွင် တမူထူးခြားပြီး ပထမဦးဆုံးအနေဖြင့် NFTs ဒီဂျစ်တယ်အနုပညာလက်ရာများကိုလည်း ဆုလက်ဆောင်များအဖြစ် ထည့်သွင်းပေးသွားရန် ကြိုးစားလျက်ရှိပါသည်။“လွတ်မြောက်ဖို့အတွက် တို့တွဲလက်” ကံစမ်းမဲအစီအစဉ် ကြိုတင်မိတ်ဆက်ပွဲ (Online) အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဖေ​ဖော်ဝါရီလ ၂၀ ရက်၊ တနင်္ဂနွေနေ့၊ မြန်မာစံတော်ချိန် ည ၈:၃၀ တွင်ကျင်းပမည်ဖြစ်သည်။ကံစမ်းမဲလက်မှတ်တစ်စောင်ကို အမေရိကန်ဒေါ်လာ ၂၀ နှင့်ညီမျှသော စျေးနှုန်းဖြင့် ကမ္ဘာတဝန်းတွင် ရောင်းချပေးသွားမည် ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article