27 C
Yangon

မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီးရှိ ယာဉ်ထိန်း ရဲကင်း ဖောက်ခွဲ ရှင်းလင်းခံရ(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်း မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာ အဝိုင်းပတ်ရှိ ယာဉ်ထိန်း ရဲကင်းအား ဖေဖော်ဝါရီလ ၁၂ရက်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်တွင် မုံရွာ မုန်တိုင်း ပျောက်ကြားတပ်ဖွဲ့အင်အားစုက လက်ပစ်ဗုံး တစ်လုံးဖြင့် ဖောက်ခွဲ ရှင်းခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ “စစ်ခွေးတွေတော့ မသေဘူး။ အရင်တုန်းက အသုံးပြုခဲ့တဲ့ ယာဉ်ထိန်း ရဲကင်းစခန်းပေါ့။ အဲတာကို ဖောက်ခွဲ ရှင်းလင်း ဖျက်ဆီးလိုက်တာ” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Video credit – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article