30 C
Yangon

ဒီးမော့ဆို၊ ပါဒေါဒူကျေးရွာ နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ၊ လွိုင်ကော်တွင်လည်း တိုက်ပွဲပြင်းထန်ပြီး နေအိမ်အချို့မီးလောင်နေ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပါဒေါဒူကျေးရွာရှိ နာရေးပြုလုပ်နေသည့် နေအိမ်ပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ဝေဟင်မှ ထောက်လှမ်းကာ ယနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ၁၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။” အသုဘတောင် မချရသေးဘူး၊ မနည်းထွက်ပြေးကြရတယ်၊ ငြိမ်မှပြန်ချရတယ်။ လူအုံသွားလို့ Drone နဲ့ ကြည့်ပြီး လာထုတာ၊ ကံကောင်းတယ်လို့ဘဲပြောရမှာလားဘဲ လူမထိလို့၊ ထုလိုက်တဲ့အလုံးရေတွေ အိမ်ကသုံးလုံးပျက်စီး” ဟု ဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊ လွိုင်ကော်မြို့များတွင် အကြမ်းဖက်စစ်ကောင်စီက ဝေဟင်မှ ဒရုန်းဖြင့် ထောက်လှမ်းကာ လူစုလူဝေးရှိသည့်နေရာများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များ အထင်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ပြီး ဒေသခံများ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။အလားတူ မြို့တော် လွိုင်ကော်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များကြား ယနေ့ညတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီ လေယာဉ်ပျံဝဲသံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။”လွိုင်ကော်မှာ ပစ်နေတာတော့ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်နေတာ ၈ နာရီခွဲလောက်ကတည်းကပဲ၊ အခု လေယာဉ်ပျံနေသံပါ ကြားရပြီ၊ တိုက်ပွဲအခြေအနေတော့ မသိရသေးဘူး၊ ဆက်သွယ်ရေးလိုင်းတွေ ပြတ်နေတယ်” ဟု ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။လက်ရှိအချိန်တွင် လွိုင်ကော်မြို့အနောက်မြောက်ဖက် ထေးငှားလျားကျေးရွာရှိ နေအိမ်အချို့ မီးလောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article