30 C
Yangon

မန္တလေး-မိုးကုတ်ကားလမ်း စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံး ၊ မိုးကုတ်တွင်လည်း စစ်တပ်နှင့်PDF ပူးပေါင်းတပ်များ တိုက်ပွဲ ပြင်းထန်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း၊ ပင်လယ်ကြီးကျေး ရွာ အနီး စစ်ကောင်စီတပ်စွဲထားသော စစ်ဆေးရေးဂိတ် ယနေ့ နံနက်ပိုင်း တိုက် ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ပင်လယ်ကြီးကျေးရွာ မန်း-မိုးကုတ်ကားလမ်း စစ်ကောင်စီ တပ်စွဲထားတဲ့စစ် ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပါတယ်။ မနက် ၅ နာရီလောက်မှာ ပစ်ခတ်သံကြားရတာ။ ဖြစ်တာက မိနစ်၂၀ခန့်လောက်ကြာတယ်။ အသံတွေက အပြန် အလှန်ပစ်ကြတာ။ အခုကြားတာက စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး ကျတယ်။ စစ်သားတွေလည်း ထိတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကျပ်ပြင်ကျေးရွာအနီးတွင်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။”အ ခုမိုးကုတ်ဘက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ကျပ်ပြင်မြို့သစ်ဆိမ့်ကုန်းရွာအနီးမှာပါ။ လက် နက် ကြီးတွေအဆက်မပြတ်ပစ်နေတယ်။ သစ်ဆိမ့်ကုန်းရွာ ကပြည်သူတွေရှောင်နေရပါတယ်။ လက်နက် ကြီးတွေနဲ့ ပစ်နေတာ ၃ နာရီလောက်ကြာနေပြီ။ တိုက်ပွဲပြင်းထန်တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ အလားတူ ယမန်နေ့ မန္တလေးအခြေစိုက် ပျောက်ကျားတပ်ဖွဲ့များ ပူးပေါင်း၍ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၅၁ လမ်း လျှပ်စစ်ရုံး၊ ၆၉ လမ်း၊ ၁၁၃ × ၁၁၄ ကြားရှိ အထက် တန်းကျောင်း‌တွင် တပ်စွဲထားသည့်နေရာနှင့် ငွေတော်ကျည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို တိုက်ခိုက်ခဲ့ကြောင်း ၊ Dragon Warrior အဖွဲ့နှင့် Yadanarbon Phoenix Guerilla Force (YPGF) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article