34 C
Yangon

စစ်ရာဇဝတ်မူများအတွက် ခေါင်းရှောင်၍ ရမည်မဟုတ်။ အမိန့်ပေးသူနှင့် နာခံကျူးလွန်သူများ ပြစ်မှုများအတွက် တချိန်တွင် ပြန်လည် တာဝန်ခံရမည်

Must read

By လမ်းသစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် “ရွာကိုသာ မီးရှို့လို့ရမယ်၊ စိတ်ဓါတ်နဲ့ မြေကြီးကို မီးရှို့ မရဘူး” ဟု ကြွေးကြော်ခဲ့ကြသည်။အကြမ်းဖက်စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှို့မှုကို ခံခဲ့ရသော်လည်း စစ်အာ ဏာရှင်ကို ဒူးမထောက်၊ ဦးမညွတ်သည့် ပြည်သူများ၏ ရဲရဲတောက်စိတ်ဓါတ်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်ကတော့ ရွာလုံးကျွတ် မီးရှို့မှုများ၊ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည်။ ဆယ်စုနှစ်များစွာကပင် တိုင်းရင်းသားဒေသများတွင် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကို အာဏာသိမ်းမှု နောက်ပိုင်းတွင် ပြည်မဒေသများတွင်ပါ မြင့်တွေ့လာရခြင်းပင် ဖြစ်သည်။အာဏာသိမ်းယူခဲ့ချိန်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်အထိ တစ်နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း အပါအဝင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသတွင် နေအိမ်အလုံး ၃, ၀၀၀အထက် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP-Myanmarနှင့် Data for Myanmar စသည့် စောင့်ကြည့်လေ့လာသည့် အဖွဲ.အစည်းများ၏ မှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံအနောက်မြောက်ဒေသသည် စစ်အာဏာရှင် တော်လှန်ဆန့်ကျင်မှု အားအကောင်းဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။ထိုအပြင် အနောက်မြောက် ဒေသတစ်ခုတည်းတွင်ပင် အဆိုပါကာလအတွင်း တိုက်ပွဲများကြောင့် အရပ်သား ၂၂၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ အာဏာသိမ်းပြီးချိန်မှ ၂၀၂၂၊ ဇန်နဝါရီ ၂၀ ရက်အထိ ကာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မူ အကြိမ် ၅၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အနောက်မြောက်ဒေသမှာ အများဆုံးဖြစ်သည်။ အရပ်သား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမူများမှာလည်း အနောက် မြောက် ဘက်ခြမ်းဒေသတွင် အများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် အရပ်သား ၁၄၀ အထက်၊ မကွေးတိုင်းတွင် ၄၄ ဦးနှင့်အထက် ယင်းဖြစ်စဉ်များကြောင့် သေဆုံးခဲ့သည်ဟု စောင့်ကြည့်အဖွဲ့အစည်းများက ဆိုသည်။တိုက်ပွဲများအပြင် စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမူ၊ လေကြောင်း တိုက်ခိုက်မူများကြောင့်လည်း မြန်မာနိုင်ငံ အနောက်မြောက်ခြမ်းဒေသရှိ စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် လူဦးရေ နှစ်သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။ အာဏာသိမ်းမှု နောက်ဆက်တွဲဂယက်များကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင် ပြည်သူ ၅သိန်းကျော်ရှိမည်ဟု ခန့်မှန်းထားရာ အနောက်မြောက်ဒေသတွင် ထက်ဝက်နီးပါး ရှိနေခြင်းလည်း ဖြစ်သည်။ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များမှာ Code of Conduct ဟုခေါ်သည့် စစ်သည်တော်ကျင့်ဝတ်၊ ဂျနီဗာကွန်းဗင်းရှင်း (Geneva Convention)နှင့် လူသားချင်း စာနာမူဆိုင်ရာ အပြည်ပြည်ဆိုင် ဥပဒေများ (International Humanitarian Law) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်သည်။၁၉၂၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် The Hague Rules of Air warfare တွင်လည်း အရပ်သားများအပေါ် လေကြောင်းမှ တိုက်ခိုက်ခြိမ်းခြောက်ခြင်း၊ အရပ်သား ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်းနှင့် အရပ်သားများကို ထိခိုက်သေဆုံးစေသည့် လုပ်ရပ်များကို မပြုလုပ်ရဟု အတိအလင်း ပြဌာန်းထားသည်။ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ လူသားမျိုးနွယ်အပေါ် ဆန့်ကျင့်သည့် ပြစ်မူများ၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သည်ဟု ထုတ်ဖော်ထားကြသည်။ ထိုအပြင် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်တပ်အရာရှိများကို ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မူများအတွက် နိုင်ငံတကာရာဇဝတ်မူခုံရုံး (ICC)၊ အာဂျင်တီးနားတရားရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တို့တွင် တရားစွဲဆိုထားမူများရှိနေပြီး လုပ်ငန်းဆောင်တာများလည်း စတင်နေပြီဖြစ်သည်။ထိုကြောင့် အရပ်သားများအပေါ် ရက်စက်သည့် လုပ်ရပ်များကို ကျူးလွန်နေသော စစ်ကောင်စီ အောက်ခြေတပ်ဖွဲ့ ဝင်များအနေဖြင့်လည်း သတိချပ်သင့်နေပြီ ဖြစ်သည်။ တာဝန်အရ၊ အထက်အမိန့်အရ ဟုဆိုကာ ကျူးလွန်နေသည့် လုပ်ရပ်များမှာ အချိန်တန်လျင် ခေါင်းရှောင်၍ ရမည်မဟုတ်၊ အရေးယူ အပြစ်ပေးမှုများ ဖြစ်ပေါ်လာပါက တစ်နွယ်တစ်စင်ပါ တာဝန်ယူကြရမည်သာ ဖြစ်သည်။ ဗုဒ္ဒ၏ အယူအရလည်း ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် သာဖြစ်သည်။အမေရိကန်ပြည်ထောင်စု အရံကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဒေါက်တာမီမီဝင်းဘတ်ကလည်း စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ အင်တာဗျူးတစ်ခုတွင် အထက်အမိန့်သည် ကျင့်ဝတ်နှင့်မညီ၊ ဥပဒေနှင့်မညီ၊ လူ့အခွင့်အရေးနှင့် လည်းမညီသည့် အမိန့်ဆိုပါက လိုက်နာ၍ မရကြောင်း ၎င်းကထောက်ပြသည်။ စစ်ရာဇဝတ်မူများ ဖြစ်ပွားလာပါက အမိန့်အရ လိုက်နာဆောင်ရွက်ရပါသည်ဟု ခေါင်းရှောင်ပြော၍ မရကြောင်း ဂျနီဗာကွန်ဗင်းရှင်းကို ကိုးကား၍ ဒေါက်တာမီမီဝင်းဘတ်က ရှင်းလင်းပြောပြခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်များ၊ စစ်ရာဇဝတ်မူများ ကျူးလွန်နေသည့် စစ်ကောင်စီတပ်ဖွဲများကိုလည်း ၎င်းက ယခုလို သတိပေးခဲ့ဖူးပါသည်။“အဲဒီလို အမိန့်မျိုးကို လိုက်နာလို့ မရဘူး၊ လိုက်နာရင် အမိန့်ပေးတဲ့သူရော အမိန့်နာခံတဲ့သူပါ စစ်ရာဇဝတ်မူနဲ့ ငြိစွန်းပါတယ်”

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article