35 C
Yangon

CDF လာမည့်လမ်းကို မိုင်းထောင်ရင်း နင်းမိပြီး ထန်တလန်ရှိ ခလရ ၂၆၉ တပ်ရင်းမှူး မျိုးဇင်ထွန်း ခြေထောက် ၁ ဖက် ပြတ်သွားဟုဆို

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၄

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၆၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးဇင်ထွန်းသည် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် မိုင်းနင်းမိပြီး ခြေထောက် ၁ ဖက် ပြတ်သွားကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ထံမှ သိရှိရသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များ လာမည့်လမ်းတွင် မိုင်းထောင်ပြီးနောက် ကိုယ့်မိုင်းကိုယ်နင်းမိကာ သေဆုံးခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

တပ်ရင်းမှူး မိုင်းထိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ခဲ့ပြီး ၂၅ ကြိမ်မြောက် မီးရှို့ခြင်းဖြစ်သည်ဟု CHRO မှ ဆိုသည်။

ထန်တလန်မြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံများ စွန့်ခွာသွားသော နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးသောကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် မြို့ပေါ်တိုက်ပွဲများ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ရှိ အများပြည်သူ နေအိမ် ထက်ဝက်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဖြစ်သည်။

ဓါတ်ပုံ – ထန်တလန်မြို့ အနီးတွင်တွေ့ရသော CDF Thantlang တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article