33 C
Yangon

တန့်ဆည်၊ ကပေါင်းကျကျေးရွာမှ နေအိမ် ၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ စစ်ကြောင်းအဝင် အထွက် မိုင်းဆွဲခံနေရပြီး စစ်သားသေဆုံးမှုများ ပြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှ နေအိမ် ၃၉ လုံးကို စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးပြီး ကျေးရွာများသို့ စစ်ကောင်စီစစ်ကြောင်းအဝင် အထွက် မိုင်းဆွဲခံရသဖြင့် စစ်သားသေဆုံးမှုများပြားကြောင်း တန့်ဆည် PDF အဖွဲ့ထံမှ သိရှိရသည်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ ကပေါင်းကျရွာ နေအိမ်၃၉လုံး မီးလောင်ပျက်စီး သွားတယ်။ ဒါက ၁၃ ကြိမ်မြောက် ကပေါင်းကျကျေးရွာ မီးရှို့ခံရတာ။ မီးရှို့လို့ ပြာကျတဲ့ နေအိမ်က ၁၂၄ လုံးရှိနေပြီ။ အခုတော့ ရွာထဲ က ပြန်ထွက်သွားကြပြီ” ဟု ဒေသခံ PDF က ပြောသည်။

တန့်ဆည်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များမှာ ဒေသခံများ၏ မိုင်းဆွဲတိုက်ခိုက်မှုများကို အဓိက ခံနေရပြီး ယနေ့တွင်လည်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း။ သေဆုံးသူများပြားကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မိုင်းဆွဲလို့ သေတဲ့ ခွေးသေတွေ မီးရှိတဲ့အလောင်းတွေ ကျန်ခဲ့တယ်လို့ သိရတယ်။ အခုလည်း ကပေါင်းကျက ထွက်သွားတဲ့ကောင်တွေကို ရွာရှည်(မ)ရွာအနီး မိုင်းဆွဲတာ ဒီနေ့ ၁နာရီကျော်ကဖြစ်တာ။ အလောင်းတွေ ၂၀ လောက်ရှိတယ်ပြောတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ
ပဒေသာမိုင်းတစ်လုံး၊ရိုးရိုးမိုင်း၂လုံး၊ ဖေဖော်ဝါရီ ၁၂ ၊ ၁၃ ၊ ၁၄ ရက်နေ့တွေမှာ မိုင်းတစ်လုံးဆီ အဆွဲခံရတယ်။ သူတို့ ဒဏ်ရာရ စစ်သားတွေကို ဆေးကုထားခဲ့တဲ့ တဲကိုတော့ မီးရှို့ထားခဲ့တယ်”ဟု ဒေသခံ PDF က ပြောဆိုသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် PDF များအကြား တိုက်ပွဲများအကြီးအကျယ် ဖြစ်ပွားလျက်ရှိပြီး ဒေသခံ သောင်းချီမှာလည်း စစ်ဘေးရှောင်သည့်အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article