37 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်း ၇၀ ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် အပစ်ခံရ၊ မရမ်းကုန်း၊အင်းစိန်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံနှင့် သန်လျင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း ဒဂုံမြိုသစ်(တောင်ပိုင်း) ၇၀ ရပ်ကွက်ရုံးကို ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်အချိန် ဗုံးပစ်သွင်းခံရပြီး ထိခိုက်မှု အခြေ အနေမသိရှိရသေးဘဲ စစ်တပ်က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ဒဂုံ ၇၀ ရပ်ကွက်ရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကို SSUG PDF(တောင်ပိုင်းပြည်သူကာကွယ် ရေးအင်အားစု)အဖွဲ့နှင့် Black Peacock အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ယနေ့ နံနက် ဒဂုံမြိုသစ်တောင်ပိုင်း ၂၅ ရပ်ကွက်၊ စည်ပင်လမ်းနှင့် သရက်ချောင်းလမ်းထောင့်ရှိ ကြံ့ဖွတ်ရုံးကိုလည်း ယနေ့ နံနက်ပိုင်းက လက်ပစ်‌ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အနီးအနားရှိ စျေးဆိုင်များနှင့် ကားရေဆေးဆီထိုးဆိုင်မှ အလုပ်သမားများကို ဖမ်းဆီးရိုက်နှက်မှုများ လုပ်ဆောင်နေကြောင်း‌ ဒေ သခံများက ပြောသည်။

“မနက်က တောင်ဒဂုံ ကြံဖွတ်ရုံး ဗုံး ပေါက်တာ ရုံးအရှေ့ ဆိုင်က တာယာဆိုင်က အလုပ်သမား ၂ယောက်နဲ့ မျက်စောင်းထိုး ကားရေဆေးဆီထိုးက တစ်ဆိုင်လုံး စစ်တပ်က ကားပေါ်တင်ခေါ်ပြီး ရိုက်နှက်ခေါ်သွားတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ ယခုညပိုင်း မြောက်ဒဂုံနှင့် မြောက်ဥက္ကလာတို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး မြောက်ဒဂုံတွင်မူ ပစ်ခတ်သံများကြားရကြောင်း ဒေသခံများက ဆိုသည်။

“ဒီည ၇ နာရီနဲ့ ၈ နာရီကြားမှာ ပေါက်ကွဲမှုအသံကတော့ ကြားနေရတယ်။ ဘယ်နားမှာလဲတော့ အတိအကျမသိဘူး။ ပစ်သံတွေလည်း ကြားရတယ်။ သေနတ်သံ ၄ ၊ ၅ ချက်လောက်ကြားရတယ်” ဟု မြောက်ဒဂုံ ၃၉ ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

မြောက်ဥက္ကလာပတွင်နေထိုင်သူတစ်ဦးကလည်း “မြောက်ဥက္လာအဝိုင်းနား ဒီည ၈ နာရီဝန်းကျင်မှာ ၃ ကြိမ်ပေါက်ကွဲသံကြားရတယ်” ဟု ပြောဆိုသည်။

အလားတူ မရမ်းကုန်း၊ အင်းစိန်နှင့် သန်လျင်တို့တွင် ယနေ့ည ၇ နာရီနှင့် ၈ နာရီကျော်ဝန်းကျင်အကြား ဗုံးများပေါက်ကွဲသံများကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ ရဲတပ်ဖွဲ့။ (ပုံအဟောင်းဖြစ်သည်)

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article