ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် CDF များ လာမည့် လမ်းများတွင် မိုင်းထောင်ခဲ့သည့် ခလရ ၂၆၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးမျိုးဇင်ထွန်း (စစ်တက္ကသိုလ် အပတ်စဉ် ၄၄) ကိုယ့်မိုင်းကိုယ်နင်းမိပြီး ခြေထောက်ပြတ်သွားကာ မင်္ဂလာဒုံအရိုးစစ်ဆေးရုံကုတင် ၅၀၀ တွင် ခြေထောက်ပြတ်ဒဏ်ရာကို ကုသနေရကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ၎င်းကို လုပ်ဖော်ကိုင်ဖက် အပတ်စဉ်တူ ရကတ (စရန) G 1 ဒုတိယဗိုလ်မှူးကြီး ရဲလင်းအောင် အပေါင်းအသင်းများက ငွေကျပ် ၁၀ သိန်းနီးပါး လာရောက် ကူငွေ ပေးအပ်ခဲ့ပြီး ခြေပြတ်ဒဏ်ရာရရှိထားသော ဒုတိယဗိုလ်မှူးကြီးမျိုးဇင်ထွန်းမှာလည်း ကျန်းမာရေးကောင်းမွန်သည်ဟု သိရှိရသည်။
စစ်ဘက်သတင်းရပ်ကွက်၏အဆိုအရ ခြေထောက်ပြတ်သွားသည့် ဒုဗိုလ် မှူးကြီး မျိုးဇင်ထွန်းသည် အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး စစ်ဘက်မှ အငြိမ်းစားယူမည်ဖြစ်ကြောင်း သိရှိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၆၉ တပ် ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးဇင်ထွန်းသည် ယမန်နေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် မိုင်းနင်းမိပြီး ခြေထောက် ၁ ဖက် ပြတ်သွာခြင်းဖြစ်သည်။
တပ်ရင်းမှူး မိုင်းထိပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထန်တလန်မြို့ပေါ်ရှိ နေအိမ်များကို မီးရှို့ခဲ့ပြီး ၂၅ ကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထန်တလန်မြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံများ စွန့်ခွာသွားသော နေအိမ်များကို ဖောက်ထွင်းခိုးယူပြီး မီးရှို့ဖျက်ဆီးသော ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် မြို့ပေါ်တိုက်ပွဲများ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ရှိ အများပြည်သူ နေအိမ် ထက်ဝက်ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဖြစ်သည်။
ဓာတ်ပုံ- ခြေထောက်ပြတ်သွားတဲ့ ဒုဗိုလ်မှူးကြီးမျိုးဇင်းထွန်းကို အပတ်စဉ်တူ သူငယ်ချင်းများက ယမန်နေ့ မင်္ဂလာဒုံအရိုးဆေးရုံတွင် ထောက်ပံ့ငွေ ပေးအပ် နေကြစဉ်။