26.2 C
Yangon

မော်လိုက် ကလေးအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် နိုင်ငံ ရေးအကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ယက် – PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

မေလ ၂ ရက်နေ့တွင် ကလေးမြို့နယ်၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်)ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်သည် အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက် မှာ အကျဉ်းသားများအကြား တရားမျှတမှုနှင့် တန်းတူညီမျှမှု လုံးဝမရှိခြင်း၊ နိုင်ငံရေးအကျဉ်းသား များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်၍ ခွဲခြားဆက်ဆံခြင်းတို့ကြောင့် တန်းတူညီမျှခွင့် ရရှိရေးအတွက် “ပြည်သူ့ထမင်း စစ်စစ် စားချင်တယ်” ဟူသောခေါင်းစဉ်ဖြင့် ထောင်မှကျွေးသော ထမင်းကို မစားဘဲ တစ်နေ့လုံး ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

“မေလ ၂ ရက်နေ့မှာတော့ ကလေးမြို့ မော်လိုက်အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ဟာ “ပြည်သူ့ထမင်းစစ်စားချင်တယ်” ဆိုတဲ့ခေါင်းစဉ်နဲ့ တန်းတူညီမျှခွင့် ရရှိရေးအတွက် မေလ ၂ ရက်နေ့ တစ်ရက်တည်းပဲ ဆန္ဒထုတ်ဖော်ခဲ့တာမျိုးဖြစ်ပါတယ်။ ထောင်ကကျွေးတဲ့ ထမင်းကို မစားပဲ နဲ့ ငြိမ်သက်စွာ အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် – PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။

ယင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများက နိုင်ငံရေးအကျဉ်းသားများ တန်းတူ ညီမျှ ခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသား/သူများ၏ အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် တရားဥပဒေစိုးမိုး ရေး ဟူသော အချက် ၃ ချက်ကို အဓိကတောင်းဆိုခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းသက်သာခွင့် ပေးရာတွင် ကျန်ရှိသည့် ပြစ်ဒဏ်ကာလအပေါ် မူတည်၍ ပေးခြင်းဖြစ်သော ကြောင့် ပြစ်ဒဏ်ကာလ ကြာမြင့်စွာ ကျခံပြီးသူများအတွက် လျှော့ရက်နည်းပါးပြီး၊ လတ်တလောမှ ပြစ်ဒဏ်ချမှတ်ခံရသည့် ရာဇဝတ်အကျဉ်းသားများသာ လျှော့ရက်ပိုမို ရရှိနေခြင်းမှာ ၎င်းတို့အပေါ် ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံခြင်းဖြစ်ပြီး လုံးဝမျှတမှု မရှိဟု နိုင်ငံရေးအကျဉ်းသားများက ထောက် ပြဝေဖန်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အကျဉ်းထောင်အာဏာပိုင်များ၏ အဂတိလိုက်စားမှုများမှာ တစ်ထောင်လုံး သိရှိလောက် သည် အထိ ပြန့်နှံ့နေပြီး၊ အမျိုးသမီးဆောင်အတွင်း ဥပဒေကို အကြောင်းပြကာ ပါဆယ်ပစ္စည်း ပိတ် ပင်ခြင်းနှင့် ဟင်းချက်ခွင့် ပိတ်ပင်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ် နေမှုများကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ဧပြီလ ၁၈ ရက်နေ့တို့တွင်လည်း ကလေးအကျဉ်းထောင်ရှိ အ မျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများက အခွင့်အရေး ပိတ်ပင်မှုများနှင့် ဖိနှိပ်မှုများအပေါ် ဆန္ဒ ထုတ်ဖော်ခဲ့ဖူးကြောင်း၊ သို့သော်လည်း အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ တောင်းဆိုချက် များကို ဖြေရှင်းပေးမည့်အစား ဖိနှိပ်မှုများဖြင့်သာ တုံ့ပြန်နေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ က ဆက်လက်၍ အခွင့်အရေးများ တောင်းဆိုနေကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ အကြမ်းဖက်စစ်အုပ်စုသည် တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်နေသော်လည်း လက်တွေ့ တွင်မူ လူသားတိုင်း ရရှိရမည့် တန်းတူညီမျှခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေသည်ကို ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ လှုပ်ရှားမှုက သက်သေပြနေကြောင်း PPNM က ထောက်ပြထားသည်။

နိုင်ငံရေးအကျဉ်းသားများအပေါ် ခွဲ ခြားဆက်ဆံသည့် မတရားသော လွတ်ငြိမ်းသက်သာခွင့်နှင့် လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ပြင်း ထန်စွာ ရှုတ်ချကြောင်းနှင့် ဆန္ဒပြအကျဉ်းသားများအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုများ မရှိစေရေးနှင့် ၎င်းတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် နိုင်ငံ တကာ အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့ အစည်းများအနေဖြင့် အမြန်ဆုံး အလေးထား စောင့် ကြည့်ပေးရန် Political Prisoners Network – Myanmar (PPNM) ကတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article