28 C
Yangon

ယင်းမာပင် ရဲစခန်းနှင့် ခရိုင်ရုံးကို Chindwin Attack Force က လက်နက်ကြီးများ၊ Drone များဖြင့် ဗုံးကျဲတိုက်ခိုက်၊ စစ်သား ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်(ရုပ်/သံ)

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် တပ်စွဲထားသော ရဲစခန်းနှင့် ခရိုင်ရုံးတို့ကို ဖေဖေါ်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့အတွင်း မုံရွာခရိုင်တပ်ရင်း ၂ (Chindwin Attack Force) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သလို Drone ဖြင့်လည်း ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် စစ်သား ၃၀ ထက်မနည်းထိခိုက်ဒဏ်ရာရနိုင်ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

ဖေဖေါ်ဝါရီလ ၁၂ ရက် နံနက် ၁ နာရီ ခန့်တွင် လက်နက်ကြီး ၅ လကဖြင့် အချက်ရေ ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် လက်နက်ကြီးများဖြင့် အချက်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ၁၄ ရက်နေ့တွင် လက်နက်ကြီးဖြင့် အချက်ရေ ၅၀ ကျော် ပစ်ခတ်သလို ဝေဟင်မှ Drone ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ၃ ကြိမ်တွင် စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်ကြောင်း Chindwin Attack Force က ထုတ်ပြန်သည်။

Video credit – Chindwin Attack Force

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article