ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ လေးကေ့ကော်မြို့သစ်တွင် ယနေ့ နံနက် ၈ နာရီမှစတင်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး ညနေ ၃ နာရီ ၂၀ မိနစ်တွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်တပ်က လက်နက်ကြီးများဖြင့် လေးကေ့ကော်မြို့သစ်ပတ်ဝန်းကျင်များအားလုံးကို ရမ်းသမ်းပစ်ခတ်နေပြီး စစ်ရဟတ်ယာဉ် ၂ စီးဖြင့် ၁၅ မိနစ်ဝန်းကျင် ကြာအောင် လှည့်ပတ်ပျံသန်း ပစ်ခတ်သွားကြောင်း၊ လက်ရှိတွင် စစ်တပ်က အထိနာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။