28 C
Yangon

စစ်ကိုင်းတွင် ပျက်ကျသည့် စစ်လေယာဉ်ပိုင်းလော့ ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ သဂြိုလ်ပြီးစီး၊ မင်္ဂလာဆောင်ပြီး ၄ ရက်အကြာတွင် သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ၊ ရေမျက်ကြီးအင်းတွင် ယနေ့ နံနက် ၁၀ နာရီ ၄၃ မိနစ်အချိန် ပျက်ကျသွားသည် စစ်တိုက်လေယာဉ်မှူး ဗိုလ်ကြီးဟိန်းထက်အောင်ကို ယနေ့ ညနေ ၄ နာရီတွင် သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သတင်းရင်းများထံမှ သိရှိရသည်။

လေယာဉ်ပျက်ကျမှုကြောင့် အလောင်းကို အကောင်းအတိုင်း ပြန်မရဘဲ အသားစများသာ ပြန်လည်ရရှိကြောင်း၊ ယင်းအလောင်း၏ အသားနှင့်အရိုးအကြွင်း အကျန်များကို ရဟတ်ယာဉ်ဖြင့် သယ်ယူပြီး ကျန်ရှိ အသားစ အပိုင်းအစများကို ယနေ့ ညနေ ၄နာရီအချိန် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ ရွှေသမားရပ် မီးသင်္ဂြိုလ်လိုက်ကြောင်း သိရှိရသည်။

တပ်သတင်းရင်းမြစ်တချို့ကမူ လေယာဉ်နှင့် ရေပြင်အရှိန်ပြင်းပြင်းရိုက်ခတ်သည့်အတွက် အလောင်းတစစီ ဖြစ်သွားသည့်ပုံစံဟု ဆိုကြသည်။

ဗိုလ်ကြီးဟိန်းထက်အောင်၏ နာရေးကိုမူ တံတားဦးလေတပ်စခန်းတွင် ပြုလုပ် ထားကြောင်း၊ ၎င်းသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကမှ မင်္ဂလာဆောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article