28 C
Yangon

စစ်ကိုင်းနှင့် ချင်းပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို CDF တပ်ဖွဲ့များဝင်ပစ်၊ စစ်သား ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်ရှိ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF (ကလေး၊ ကဘော်၊ ဂန့်ဂေါ)နှင့် CDF ဟားခါး ပူးပေါင်းအဖွဲ့က ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၄ နာရီတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသွားကြောင်း CDF-KKG က သတင်းထုတ်ပြန်သည်။

တိုက်ပွဲသည် ၁ နာရီဝန်းကျင်ကြာမြင့်ပြီး ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သည် ယနေ့တွင် ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယမန်နေ့တွင်လည်း နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း CDF-KKG ထံမှ သိရှိရသည်။

အလားတူ ချင်းပြည်နယ် မတူပီ-ပလက်ဝ ကားလမ်း၊ ထယ်ဘွေးကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို ယနေ့ ဖေဖေါ်ဝါရီလ ၁၆ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် CDF မတူပီက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း CDF မတူပီက သတင်းထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီထောင်ထားသော မိုင်းနင်းမိပြီး ထယ်ဘွေးကျေးရွာရှိ ပြည်သူ ၁ ဦး ဒဏ်ရာပြင်းထန်ကြောင်းလည်း CDF မတူပီ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article