31 C
Yangon

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူ ၅ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေး ဟုသတ်မှတ်ခံထားရသူများ အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြိုနယ်၊ စံပြရပ်ကွက်၊စံပြ(၃)လမ်းနှင့် သံသုမာလမ်းထောင့်ရှိ အောင်နန်းသစ်လက်ဘက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော စစ်ကောင်စီခန့် ရာအိမ်မှူးမျိုးမြင့်သန်းကြွယ်ကို အနီးကပ် ပစ်ခတ်သဖြင့် ဦးခေါင်းကျည်ထိမှန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၊၇ရပ်ကွက်၊ဓမ္မာရုံလမ်းမ ၊ကောင်လက်ရာလက်ဖက်ရည်ဆိုင်အတွင်း စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူတစ်ဦး ပစ်သတ်ခံရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီခွဲအချိန် မကွေးတိုင်း၊ ရေစကြိုက ပျူစောထီးအဖွဲ့ဝင်လည်းဖြစ် ဒလန်ဟုလည်း လူသိများ ငတူးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ (ပခုက္ကူ)က ရှင်းလင်းကြောင်း သှိရိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏သားမက်ဖြစ်သူ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၅ ရပ်ကွက်က အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဓားဖြင့် အခုတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း လှိုင်သာယာမှ ဓားဖြင့်အခုတ်ခံရပြီး သေဆုံးသွားသည့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article