34 C
Yangon

ရန်ကုန်ရွှေပြည်သာ ၁၄ လမ်းဆုံတွင် စစ်တပ်က သေနတ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား၊ စစ်ကိုင်းနှင့်ဧရာ၀တီတို့တွင် စစ်တပ်က ပြည်သူများကို ဥပဒေမဲ့ အကြောင်းမဲ့ဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာ ၁၄ လမ်းဆုံတွင် ယမန်နေ့ညပိုင်း စစ်တပ်က သေန တ် အချက် ၃၀ ဖောက်ဝင်စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသ ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ရွှေပြည်သာမြို့နယ်၊ ပုလဲရိပ်မွန်အိမ်ရာ၊ ကျောက်စိမ်းလမ်း၊ တိုက်အမှတ် ၁၁ ၊ အခန်း ၂၀၁ ကို စစ်တပ်က ဝင်စီးနင်းပြီး လူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ ပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် မျက်နှာကျက်တွင် လူရှိသည်ဟုဆိုကာ သေနတ်ဖြင့် အချက် ၃၀ ခန့် ပစ်ခတ်သွားကြောင်း ဒေသခံများက ဆိုသည်။

“ညကရွှေပြည်သာ ၁၄ လမ်းဆုံမှာ ဝင်စီးသွားတယ်။ ၃ယောက်ပါသွားတယ်။ လိပ်စာက တိုက် ၁၁ အခန်း ၂၀၁ ကျောက်စိမ်းလမ်း ပုလဲရိပ်မွန်အိမ်ရာ။ သူတို့က ပြောင်းလာတာ ရက်ပိုင်းလေးပဲရှိသေးတယ်။ လာဖမ်းတာ ကား ၈ စီးနဲ့။ သေနတ် အချက် ၃၀ လောက်ဖောက်သွားတယ်။ မျက်နှာကျက်ပေါ်မှာ ခိုတွေရှိတာကို လူရှိတယ်ဆိုပြီး သေနတ်နဲ့ ပစ်သွားတာ။ “အပေါ်ထပ်မှာလူရှိတယ် ဆင်းခဲ့ ဆင်းခဲ့” ဆိုပီးအော်တယ်။ ခေါင်းပေါ်လက်တင်ပီး ကားပေါ်ခေါ်သွားတယ်။ ည ၁၀ နာရီကျော်ကနေ ဝင်စီးတာ နံနက် ၁နာရီကျော်တော့ပြန်သွားတယ်” ဟု‌ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့ ရွာရှည်(မ)ကျေးရွာနေကိုညွှန့်ဝင်း မောင်(ခ)ဖိုးပြူးကို ထန်းပင်ဆိပ်ကျေးရွာ၌ စစ်ဘေးရှောင်နေစဉ် စစ်တပ်၏ဖမ်းဆီးသွားကြောင်း၊ ကိုဖိုးပြူးသည်နိုင်ငံရေးစိတ်မဝင်စားသော သာမန်ပြည်သူတစ်ဦးဖြစ်ပြီး ကျန်းမာရေးလည်းမကောင်းမွန်ကြောင်း၊ စစ်တပ်ဖမ်းဆီးပြီးနောက် သတင်းအစအနမရှိတော့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကွမ်းခြံ လမ်းဆုံတွင် အလုပ်မှပြန်လာသည့် လူငယ်နှစ်ယောက်ကို စစ်တပ်က ရိုက်နှက်ဖမ်းစီးသွားကြောင်း၊ ယင်းလူငယ် နှစ်ဦးသည် ပိုလန်ဂိုထောင်မှာ ဖွဲထမ်းကြခြင်းဖြစ်ပြီး မင်းကုန်းကြီးကိုပြန်မှာဖြစ်ကြောင်း ရှင်းပြသော်လည်း စစ်တပ်က ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညစဉ် ပြည်သူကို အကြမ်းဖက် ဖမ်းဆီးနေသော အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်များ။

Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article