28 C
Yangon

အောင်မြေသာစံရဲစခန်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးနိုင်၊ နေပြည်တော်တွင်လည်း မိုင်းကွဲ၍ စစ်သား ၃ ဦးထက်မနည်း ထိခိုက်သေနိုင်၊ မြောင်တွင် စစ်သားအချင်းချင်းပစ်၍ ၃ ဦးသေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် ၅ ရဲစခန်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ဗုံးဖြင့် တိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးသေဆုံးနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိသည်။

“ဒီနေ့ မနက် ၁၀ နာရီ ၃၅ မိနစ်အချိန် အောင်မြေသာစံ ၈၆ လမ်း၊ ၂၂ လမ်းနှင့် ၂၅ လမ်းအကြား ၊ အမှတ် ၅ ရဲစန်းမှာ ဗုံးနဲ့တိုက်ခိုက်ပါတယ်။ ခွေးတစ်ကောင် သေနိုင်တယ်။ မဟာမိတ်နှစ်ဖွဲ့ပူပေါင်းလုပ်ဆောင်ခဲ့ပါတယ်” ဟု ဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေး အောင်မြေသာစံ အမှတ် ၅ ရဲစခန်းကို မန္တလေး Yadanarbon Phoenix Guerilla Force နှင့် Dragon Warrior အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၆နာရီ ၄၅ မိနစ်တွင် နေပြည် တော် PDF တပ်ရင်း ၈၀၂ တပ်ခွဲ (၅)က ရေနီ အရှေ့ တံတားဂိတ် မှ စစ်ကောင်စီတပ်ဖွဲ့များ ကင်းလှည့်ပြီးပြန်လာစဥ် ကင်းစခန်းအရောက် ချိန်ကိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်း ထိခိုက်ကျရှုံးကြောင်း နေပြည်တော် PDF က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေပိုင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန် နေ့ ညနေပိုင်း အချင်းချင်း မှားယွင်းပစ်ခတ်မိသဖြင့် သုံးဦး သေဆုံးကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ – CDSOM က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- မန္တလေး၊ အောင်မြေသာစံမြို့နယ်မှ အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article