27 C
Yangon

ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်မှု မင်းအောင်လှိုင် ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကိုးကန့် တိုင်းရင်းသားခေါင်းဆောင်လည်းဖြစ်၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA တည်ထောင်သူ ဦးဖုန်ကြားရှင် ကွယ်လွန်သွားမှုကို ဝမ်းနည်းကြောင်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ကြောင်း ကိုးကန့်သတင်းဌာနက သတင်းထုတ်ပြန်သည်။

ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိနေပြီဖြစ်သည်။

MNDAA ခေါင်းဆောင်နှင့်ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်မှုကို ဝမ်းနည်းကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင်က သဝဏ်လွှာပေးပို့သော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်များကို အကြမ်းဖက် စစ်ကောင်စီတပ်များက အင်အားအများအပြားဖြင့် ကုန်းကြောင်း၊ လေကြောင်းး ထိုးစစ်ဆင်တိုက်ခိုက်မှုများ အဆက်မပြတ်လုပ် ဆောင်လျက်ရှိနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article