ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇
မကွေးတိုင်း၊ ဆောမြို့နယ်ဘက်မှ လောင်းရှည်ကျေးရွာဘက်သို့ စစ်ကြာင်းထိုးလာသော စစ်ကား ၁၆ စီးနှင့် အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂ ပွင့်အဆင့် အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကား ၁၆ စီး၊ စစ်သည်အင်အား ၂၅၀ ခန့်ဖြင့် လောင်းရှည်ဘက်သို့ ခက်ရင်းခွပုံသဏ္ဍာန်ဖော်ကာ စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF – ဆော က သတင်းထုတ်ပြန်သည်။ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် သေဆုံး စစ်သားအလောင်းများကို လောင်းရှည်မြို့တွင် သဂြိုလ်ကြောင်း၊ သေဆုံးသူများထဲတွင် ၂ ပွင့် အရာရှိပါသောကြောင့် စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့်လာရောက်ကာ အမိန့်ပြန်တမ်း ထုတ်ပြန်သွားကြောင်း သိရှိရသည်။
ဓါတ်ပုံ – ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ