37 C
Yangon

ပြည်သူကို သတ်ဖြတ်ဖို့ စစ်သွေးကြွနေတဲ့ မကွေးလေတပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေတပ်က ပြည်သူတွေနဲ့ အရပ်သားနေအိမ်တွေ ရပ်ကွက်တွေ ကျေးရွာတွေကို အဆက်မပြတ် ဗုးကျဲတိုက်ခိုက် သတ်ဖြတ်မှုတွေ အရှိန်မြင့်လုပ်ဆောင်လာနေပါတယ်။

စစ်ကောင်စီလေတပ်က ဗုံးကျဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်တဲ့နေရာမှာ လေတပ်စခန်း ဌာနချုပ်မှူးတွေက အဓိက နေရာကပါဝင်နေပြီး စစ်ဆင်ရေးတွေကို ကြီးကြပ်ကွပ်ကဲနေတာလည်းဖြစ်ပါတယ်။

ဒီအထဲမှာ မကွေးတိုင်းမှာရှိတဲ့ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း(လေ-၂၀၇၉) လည်းအပါဝင်ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဗိုလ်မှူးချုပ်ဝင်းမောင်သိန်း လို လူမျိုးတွေ ဘာကြောင့် ဒီလို သတ်ဖြတ်မှုတွေကို ဘယ်လို စိတ်ဓာတ်နဲ့ လုပ်ဆောင်နေကြတာပါလဲ။ သူတို့ ဘယ်လို ပေါက်ဖွားရှင်သန်လာလဲကြည့်ရအောင်ပါ။

ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နရပ် ကွက်မှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်အကြောင်းတွေ ပြန်မပြောတော့ဘဲ စစ်တက္ကသိုလ်တက်ပြီး လေတပ်ကို တာဝန်ထမ်းဆောင်တဲ့အချိန်ကစလို့ လေတပ်အတွင်းမှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ လေယာဉ်ဆီ ခိုးထုတ်ရောင်း စားတွေနဲ့ အသားကျ ကြီးပြင်းခဲ့ပါတယ်။

အခုအချိန်အထိလည်း မကွေးလေတပ်ဌာနချုပ်စခန်းမှာ လေယာဉ်ဆီ ခိုးထုတ်ရောင်းတာတွေ တွင်တွင်ကျယ်ကျယ်ကြီးကို ဖြစ်နေဆဲပါပဲ။ ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းက ကိုယ်ကျင့်တရားပိုင်းမှာလည်း အင်မတန်မှ ချို့ယွင်းချက်ရှိတဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ လေတပ်ထဲမှာ ဗိုလ်ချုပ်သူဌေး စာရင်းဝင်ဖြစ်တဲ့ ဝင်းမောင်သိန်းက လေယာဉ်ဆီခိုးရောင်းချမှု၊ လေယာဉ်ဆိုင်ရာ ဘတ်ဂျက်တွေ အဆမတန် တောင်းခံမှုတွေနဲ့ ကြီးပွားအလုပ်ဖြစ် ချမ်းသာသူဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ စစ်ကိုင်းတိုင်းမှာ ပျက်ကျသွားတဲ့ တရုတ်ထုတ် FANTAN A-5 (NANCHANG) အမျိုးအစား စစ်တိုက်လေယာဉ်တွေ ဝင်းမောင်သိန်း လေတပ်စခန်းမှာ များစွာရှိနေသေးတာက ဝင်းမောင်သိန်းအတွက် ကံထူးတဲ့ လုပ်စားဂွင်ကြီးဖြစ်နေပါတယ်။

ဘာလို့လဲဆိုတော့ တရုတ် FANTAN A-5 (NANCHANG) အမျိုးအစား စစ် တိုက်လေယာဉ်တွေဟာ လောင်စာဆီ အရမ်းစားပြီး မကြာခဏ ပြင်ဆင်နေရတဲ့ နှစ်ဆွေးလေယာဉ်တွေဖြစ်လို့ပါပဲ။

အဲဒီအတွက်ကြောင့် ခေတ်မမီတော့ FANTAN A-5 (NANCHANG) တိုက်လေယာဉ်တွေအကြောင်းပြပြီး လေယာဉ်ဆီခိုးနိုင်သလို ပြင်ဆင်စရိတ်ကိုလည်း ဝင်းမောင်သိန်းက အဆပေါင်းစွာ တင်ပြတောင်းခံ ခိုးယူစားသောက်နိုင်တာလည်းဖြစ်ပါတယ်။

အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ၊သင်္ဃန်းကျွန်းမြို့နယ်က ထွက်လာခဲ့တဲ့ ဝင်းမောင်သိန်းက လေတပ်အရာရှိဖြစ်လာတဲ့အချိန် သူ့အတန်းပိုင် ဆရာမ ဖြစ်တဲ့ ဒေါ်နွဲ့နွဲ့ကို မိဘတွေနဲ့ ဆွေမျိုးတွေ ကန့်ကွက်သဘောမတူတဲ့ကြားက ကောက်ယူခဲ့ပါတယ်။

အသက်ကွာခြားလွန်းတာရယ် မိဘဆွေမျိုးနဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကြောင့် နောက်ဆုံး ဒေါ်နွဲ့နွဲ့တစ်ယောက် ကျောင်းဆရာမ အလုပ်ကပါ ထွက်လိုက်ရပါတယ်။

ဝင်းမောင်သိန်းမှာ မိခင်ဖြစ်သူနှင့် ညီမဖြစ်သူ တို့ရှိသေးပြီး ညီမဖြစ်သူကတော့ သူနဲ့ လုံး၀ ဆန့်ကျင်ဘက် ပြည်သူ့ဘက် တော်သား ဖြစ်ပါတယ်။ အဲဒီလို ပြည်သူ့ဘက်တော်သား ဖြစ်နေတာကြောင့်ပဲ ညီမဖြစ်သူကို ရန်သူသဖွယ် ဆက်ဆံပြီး သူနဲ့ လုံး၀ မတည့်ပါဘူး။

ဝင်းမောင်သိန်းဟာ ပြည်သူကို သတ်ဖြတ်ဖို့ အမြဲစစ်သွေးကြွနေသူတစ်ဦးလည်း ဖြစ်တယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အထက်အမိန့်ကို ခိုင်းတာထက်ပိုပြီး တာဝန်ကျေချင်လွန်းသူ ပြည်သူကို သတ်ဖြတ်ဖို့ အမြဲစိတ်ကူးနေသူလို့လည်းဆိုပါတယ်။

မိခင်ဖြစ်သူက အခုတစ်လော နေမကောင်းဖြစ်နေတာကြောင့် ရန်ကုန်၊ သင်္ဃန်းကျွန်း၊ ဇ၀နရပ်ကွက် ၊ သီရိဇေယျာလမ်းမှာရှိတဲ့ နေအိမ်ကို မကြာ ခဏဆိုသလို ဝင်းမောင်သိန်း လာရောက်နေတယ်လို့ သိရပါတယ်။

စစ်သွေးကြွ၊ ကိုယ်ကျင့်သိက္ခာပျက်ယွင်းသူ၊ အကျင့်ပျက်ခြစားသူ စတဲ့ မကောင်း မှုတွေနဲ့ နာမည်ကျော်သူ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းမောင်သိန်းဟာ ပြည်သူပေါင်းများစွာကို လေကြောင်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေမှာ အဓိက တရားခံအဖြစ် မှတ်တမ်းဝင်နေပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article