28 C
Yangon

ကျောက်ကြီးတွင် အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံရသည့် တပ်သားသစ် ၇ ဦး KNLA ထံတွင် အလင်းဝင်

Must read

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တုံးတံတားတွင် တာဝန်ကျနေသော စစ်ကောင်စီ၏ ခမရ ၃၅၁ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၇ ဦးသည် ဧပြီလ ၂၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ထံသို့ အလင်းဝင်ရောက်လာကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသည့် တပ်သားသစ် ၇ ဦးမှာ အသက် ၂၇ နှစ်မှ ၄၂ နှစ်အရွယ်အတွင်းရှိ အမျိုးသားများဖြစ်ကြပြီး ၎င်းတို့မှာ ရဲထက်ဦး (အသက် ၃၃ နှစ်)၊ တင်မျိုးလွင် (အသက် ၃၄ နှစ်)၊ ရဲမင်းထွန်း (အသက် ၂၉ နှစ်)၊ နိုင်းဝမ်း (အသက် ၃၆ နှစ်)၊ ရန်ကျော်ဦး ( အသက် ၂၇ နှစ်)၊ အောင်ထွန်း (အသက် ၄၂ နှစ်)၊ ဝင်းထွန်းဦး (အသက် ၃၂ နှစ်) တို့ ဖြစ်ကြောင်း၊ ၎င်းတို့သည် တိုက်ပွဲအတွင်း လက်နက်ယူဆောင်လာခြင်း မရှိဘဲ ဘက်ပြောင်းခိုလှုံလာကြခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ တပ်သားသစ်များသည် မိမိတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းကို ခံရသူများဖြစ်ပြီး ရှေ့တန်းနယ်မြေများသို့ ပို့ဆောင်ခံရပြီးနောက် ယခုကဲ့သို့ တော်လှန်ရေးအင် အားစုများထံသို့ ချိတ်ဆက်ကာ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။

KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် စစ်ကောင်စီတပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရသည့် တပ်သားများအားလုံး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အမြန်ဆုံး အလင်းဝင်ရောက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article