ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကရင်နီပြည်နယ်၊ လွိုင်ကော်တွင် လွိုင်ကော်ရဲတပ်ဖွဲ့မှ ရဲတပ်သား စိုးဟိန်းသူသည် လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာကြောင်း KDF က သတင်းထုတ် ပြန်သည်။
ဖေဖဝါရီလ ၁၈ ရက်နေ့ နံနက် ၁၁နာရီ၃၀မိနစ်၊ အချိန် ကရင်နီဒီမိုကရက်တစ်တပ်ဦးနှင့် ကရင်နီပြည်အခြေစိုက်ပြည်သူ့ရဲ KSP တို့ပူးပေါင်း၍ နယ်မြေ လူပ်ရှားနေစဥ် လွိုင်ကော်အခြေစိုက် ရဲဌာန မှာ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား မောင်စိုးဟိန်းသူသည် KDF နှင့် KSP တို့ထံ လာရောက်ခိုလှုံပြီး CDM ပူးပေါင်းကြောင်း KDF က သတင်းထုတ်ပြန်သည်။
ရဲတပ်သား စိုးဟိန်းသူသည် G-3 အမျိုးအစားသေနတ်တစ်လတ် ၊ 7.62 ကျည် ၁၀၄တောင့် ၊ ကျည်ဘောက်နှစ်ဘောက် ယူဆောင်လာခဲ့ပြီး မိမိတို့ KDF နှင့် KSP ထံသို့ အပ်နှံ ခဲ့ပြီး ပြည်သူဘက်တော်သားအဖြစ် ပူးပေါင်းလာခဲ့သည့်အတွက်ဂုဏ်ယူပါကြောင်း၊ အလားတူ ရဲဝန်ထမ်းများ ၊စစ်သား များ အနေဖြင့် ပြည်သူ့ ဘက်သို့ရဲရဲဝံဝံရပ်တည်ပြီး CDM ပါဝင်ကြရန် တိုက်တွန်းကြောင်း၊ CDM ဝင်ရောက်လာပါကလည်း သေနတ်များပါ တစ်ပါးတည်း ယူဆောင်လာရန် KDF က တိုက်တွန်းထားသည်။