27 C
Yangon

စစ်ကောင်စီ ဝင်ငွေရလမ်း ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နုတ်ထွက်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်းက အမြတ်အစွန်း နည်းပါးမှုနှင့် သက်တမ်းကုန်တော့မည့် ရဲတံခွန် သဘာ၀ဓာတ်ငွေ့ စီမံကိန်း နုတ်ထွက်ရပ်ဆိုင်းမည်ဟု ကြေ ညာလိုက်ပြီး ယင်းကြေညာမှုကို မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၊ Friends of the Earth Japan (FoE Japan) နှင့် Justice For Myanmar (JFM) တို့က ကြိုဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ ရဲတံခွန် ဓာတ်ငွေ့စီမံကိန်းမှ နုတ်ထွက်မည်ဟု မစ်ဆူဘီရှီ ကော် ပိုရေးရှင်းက ကြေညာလိုက်ပြီး ဓာတ်ငွေ့တွင်း သက်တမ်းကုန်ဆုံးလုနီးချိန်တွင် အမြတ်အစွန်းများနည်းပါးမှုကို အကြောင်းပြထားသည်။

စောင့်ကြည့်လေလာရေးအဖွဲ့များက မစ်ဆူဘီရှိ ကုမ္ပဏီအနေဖြင့် တာဝန်သိစွာဖြင့် ပရောဂျက်မှ ထွက်ခွာရန် နှင့် စီမံကိန်းနှင့်ဆက်စပ်နေသော လူ့အခွင့် အရေး ချိုးဖောက်မှုများ နောက်ဆက်တွဲ မဖြစ်ပွားစေရေး တိုက်တွန်ထားသည်။

တာဝန်သိနုတ်ထွက်မှုတွင် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအနေဖြင့် ရဲတံခွန်မှ ရရှိသော အခွန်များကို စစ်ကောင်စီပေးဆောင်ခြင်းမပြုရန်နှင့် စစ်တပ်သည် ယင်းငွေကြေးများကို လက်နက်များဝယ်ယူပြီး ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရာ တွင် အသုံးမပြုစေရန် လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

ဒီဇင်ဘာလတွင် Justice For Myanmar က ထုတ်ပြန်သည့် ပေါက်ကြားခဲ့သော စာရွက်စာတမ်းများတွင် ရဲတံခွန်စီမံကိန်းသည် ၂၀၂၁ ခုနှစ် အောက် တိုဘာလ ၂၁ ရက်မှ ခြောက်လအတွင်း ဒေါ်လာ ၂၂ ဒသမ ၃၇ သန်း စစ်တပ်က အခွန် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

စာရွက်စာတမ်းများတွင် တရားမဝင်စစ်ခေါင်းဆောင်များသည် MOGE ၊ မစ်ဆူဘီရှီကုမ္ပဏီအပါအဝင် စီးပွားရေးကုမ္ပဏီများ ပူးတွဲဆောင်ရွက်နေသော ရဲတံခွန် စီမံကိန်းမှ ရရှိမည့် အခွန်ငွေများကို အလွန်စိတ်ဝင်စားနေကြောင်း သိရှိရသည်။

မဲခေါင်စောင့်ကြည့်ရေးအဖွဲ့နှင့် FoE Japan တို့သည် ရဲတံခွန်စီမံကိန်းတွင် မစ်ဆူဘီရှီနှင့် အခြားဂျပန်ပါဝင်ပတ်သက်သူများထံ စီမံကိန်းမှရရှိသော ဝင်ငွေများကို စစ်တပ်သို့ မစီးဆင်းစေရေးနှင့် ပရောဂျက်နှင့်ဆက်စပ်၍ ပေးဆောင်ထားသည့် ငွေပေးချေမှုများ သို့မဟုတ် စီမံကိန်းနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပေးရန် တောင်း ဆိုထားသည်။

သို့သော်လည်း မစ်ဆူဘီရှီနှင့် အခြားပါဝင်ပတ်သက်သူများသည် အဆိုပါအချက် နှစ်ချက်စလုံးကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။

ဇန်နဝါရီလတွင် မဲခေါင်စောင့်ကြည့်ရေးအဖွဲ့၊ FoE Japan နှင့် JFM အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများသည် မစ်ဆူဘီရှီ ကော်ပိုရေးရှင်းအပါအဝင် စစ် တပ်နှင့် ချိတ်ဆက်ထားသော ဂျပန်စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံသူများထံ စာရေးကာ စစ်တပ်ရထံ ဝင်ငွေစီးဆင်းမှုကို ဖြတ်တောက်ရန် တောင်းဆိုခဲ့သည်။

ရဲတံခွန်စီမံကိန်းကို စစ်တပ်က ထိန်းချုပ်ထားသည့် MOGE နှင့် မလေးအစိုးရပိုင် ရေနံကုမ္ပဏီ Petronas Carigali ၊ ထိုင်းနိုင်ငံမှ PTTEP၊ ဂျပန်ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုအချိန်အထိ ဂျပန်အစိုးရနှင့် ENEOS တို့သည် အဆိုပါစီမံကိန်းမှ နုတ်ထွက် ရန် ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

မဲခေါင်စောင့်ကြည့်ရေးအဖွဲ့မှ ဒါရိုက်တာ Yuka Kiguchi က “ရဲတံခွန်လုပ် ကွက်ဟာ ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး တခြားဓာတ်ငွေ့တွင်းတွေနဲ့အတူ အဲဒီအချိန်က မြန်မာစစ်အစိုးရအတွက် အရေးကြီးတဲ့ ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို တိုးချဲ့ရာမှာ အထောက်အကူဖြစ်ဖွယ်ရှိပါတယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းက ၂၀၁၃ ခုနှစ်မှာ ရဲတံခွန်စီမံ ကိန်း ဝင်ရောက်ခဲ့ပါတယ်။ အမြတ်အစွန်းများနည်းလာလို့ ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခြင်းမှာ ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ခဲ့မှုတွေကို အပြည့်အဝတာဝန်ယူခြင်းမရှိတာကို ပြသပါတယ်။ ရဲတံခွန်စီမံကိန်းအပြင် မစ်ဆူဘီရှီကော်ပို ရေးရှင်းအနေနဲ့ သီလဝါ အထူးစီးပွားရေးဇုန် (အထူးစီးပွားရေးဇုန်) ကဲ့သို့သော ပြဿနာများရှိသည့် ပရောဂျက်တွေမှာ တာဝန်ခံမှု သို့မဟုတ် လူ့အခွင့်အရေးအတွက် လုံလောက်တဲ့ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပါဝင်နေပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့စံနှုန်းတွေကို မြှင့်တင်သင့်ပြီး ရဲတံခွန်အတွက် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေ အပြည့်နဲ့ ရုပ်သိမ်းသင့်တယ်”ဟု ပြောဆိုသည်။

Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ရဲတံခွန်စီမံကိန်းမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေတဆင့် တရားမဝင် စစ်အာဏာရှင်တွေရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဘဏ္ဍာငွေ ထောက်ပံ့ရာမှာ ပါဝင်နေပါတယ်။ မစ်ဆူဘီရှီအနေနဲ့ ရဲတံခွန်စီမံကိန်းမှ ငွေကြေးတွေ စစ်တပ်ဆီ မစီးဆင်းဖို့ ခိုင်မာတဲ့ တားဆီးမှုတွေ လုပ်ဆောင်ရပါ့မယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းအနေနဲ့ NUG နဲ့ တိုင်ပင်ကာ ရဲတံခွန်မှငွေကြေးများကို ငွေစာရင်းတစ်ခုတွင် ထားရှိဖို့ လုပ်ဖော်ကိုင်ဖက်တွေကို တွန်းအားပေးသင့်ပါတယ်။ မစ်ဆူဘီရှီကော်ပိုရေးရှင်းက ရဲတံခွန်ကနေ နုတ်ထွက်လိုက်တာဟာ Petronas နဲ့ PTTEP အပါအဝင် ဒီစီမံကိန်းမှာ အကြီးဆုံးရှယ်ယာရှင်တွေဖြစ်တဲ့ မလေးရှားနဲ့ ထိုင်းအစိုးရတွေကို ပြင်းပြင်းထန်ထန် သတင်းစကား ပေးပို့သင့်ပါတယ်။ ထိုင်းနှင့် မလေးရှားတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ စစ်ကောင်စီနဲ့ အလုပ်လုပ်ခြင်းက အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို ပျက်ပြားစေပြီး စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ပံ့ပိုးနေတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article